ဓမ္မရာဂျာထံမှ ရုတ်တရက် ညစ်ပတ်သော ဟာသကို ကြားလိုက်ရလျှင် လူတိုင်းက ချက်ချင်းပင် အံ့ဩသွားကြသည်။
ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ဆယ်စုနှစ်များစွာ ကြာအောင် ကျင်လည်ခဲ့သည့် ချိုက်လျန်ပင် ကူကယ်ရာမဲ့စွာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ဤစကားက မည်သူ့အတွက် မဆို အကန့်အသတ်ထက် ကျော်လွန်နေခဲ့၏။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်စေသည် အထိပင်။
"တွင်းပေါက်ထဲ ဝင်သွားတဲ့ ရေတံခွန် နှစ်ခု"
"ဒါကဘယ်လိုနာမည်ကြီးလဲ"
"ဘာလို့ လူတိုင်းက ဆွံ့အနေရတာလဲ.. ငါပေးတဲ့ နာမည်က မကောင်းဘူးလား"
ဓမ္မရာဂျာက သူ့လက်များကို ကူကယ်ရာမဲ့ ဝှေ့ယမ်းလိုက်သည်။
"ငါတို့အားလုံးက အရွယ်ရောက်ပြီးတဲ့ လူတွေပဲဟာ.. နည်းနည်းလောက် ညစ်ညစ်ပတ်ပတ် ပြောတာ ဘာပြဿနာရှိလို့လဲ"
"တကယ်တော့ ငါ့မှာ ပိုလို့တောင် အထင်ကြီးစရာကောင်းတဲ့ နာမည်မျိုး ရှိသေးတယ်.. အဲဒါကို မင်းတို့တွေ ကြားချင်သေးလား"
"မင်းပါးစပ်ကို ပိတ်ထားစမ်း.. ခွေးသား"
ဝမ်လင်း နှင့် ဖန့်ရှင်းတို့ ဘာမှပြန်မပြောမီတွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အခြားသူများအားလုံးက တစ်ခဲနက်အော်ဟစ်လိုက်ကြသည်။
ဖန့်ရှင်း "............"
ဝမ်လင်း "..........."
..........................
ထိုအချိန်တွင် ကောင်းကင်မျက်လုံးမှ စွမ်းအင် ရောင်ခြည်ကြောင့် အာကာပြင် နံရံ တံတိုင်းကြီးက ပေါက်ကွဲပွင့်ထွက် သွားခဲ့သည်။
ပေါက်ကွဲသောနေရာတွင် လူတစ်ဦး ဖြတ်သန်းသွားလာရန်လုံလောက်သည့် အပေါက်တစ်ပေါက် ဖြစ်လာသည်။
အပေါက်၏ အနားသတ်များက လောင်ကျွမ်းနေပြီး မနှစ်မြို့ဖွယ်ကောင်းသည့် ညှော်နံ့ကို ပေးစွမ်းနေ၏။
ဤအပေါက်ကို စိုက်ကြည့်ရင်း ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။