အပိုင်း(၃၂၅) တစ်ခုတည်းသော အမှန်တရား

19 3 0
                                    

ထိုအချိန်တွင် ထိုလူနှစ်ဦးစလုံးက တင်ပျဥ်ခွေ၍ ထိုင်နေကြ၏။

နှစ်ဦးစလုံးက ဝိညာဉ်အချုပ်အနှောင်များဖြင့် စွမ်းအားများကို ထိန်းချုပ်ခံထားရသည်။

ဝိညာဥ်အချုပ်အနှောင်မှာ ပကတိ အင်မော်တယ်များကိုပင် ထိန်းချုပ်နိုင်သော မှော်ရတနာကြီး ဖြစ်သည်။

၎င်းကို တပ်ဆင်ပြီးသည်နှင့် ခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအင်က ချက်ချင်း ပိတ်ဆို့ခံရမည် ဖြစ်ပြီး အကျဉ်းသားက သာမန်လူတစ်ဦးနှင့် မခြား စွမ်းအားများကို လုံးဝ အသုံးပြု၍ မရတော့ပေ။

ဟုတ်ပါသည်။ သာမန်ကျင့်ကြံသူသာ ဆိုလျှင် သူက ကြောက်လန့်နေမည် မဟုတ်ပေ။

ယခုမူ ထိုပုဂ္ဂိုလ်နှစ်ဦးအနက်မှ တစ်ဦးမှာ အင်မော်တယ်စံအိမ်၏ သခင်ဖြစ်ပြီး ကျန်တစ်ဦးမှာ တစ်ချိန်က ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့သော မိစ္ဆာအင်ပါယာကွာဖီ​ ဖြစ်နေသည်။

သူတို့၏ ဝိညာဉ်စွမ်းအင်က တံဆိပ်ခတ် ခံထားရသော်လည်းသူတို့ထံတွင် မွေးရာပါ ကိုယ်ရည်ကိုယ်သွေးများ ရှိနေသေး၏။

၎င်းတို့က သူ့ကို ရုပ်ပိုင်းဆိုင်ရာဖြင့်ပင် ချက်ချင်း သတ်ပစ်နိုင်ပေသည်။

ယခုတော့ ထောင်အရာရှိနှစ်ယောက်၏ မျက်လုံးထဲမှ လှောင်ပြောင်တဲ့အကြည့်ကို သူက နားလည်သွားပြီ ဖြစ်သည်။

ထိုအကြည့်က ကဲ့ရဲ့ခြင်းအဓိပ္ပါယ် ဖြစ်ကြောင်း ထင်ရှားနေ၏။

ဗုဒ္ဓကဲ့သို့ တည်ရှိမှုနှစ်ခုနှင့် ရင်ဆိုင်ရသောအခါ၌ ထိုလူက စိတ်နှလုံးထဲကနေ ထိတ်လန့်နေသည်။

သူက ၎င်းတို့ကို မကြည့်ဝံ့ဘဲ ခေါင်းကိုငုံ့ထားရုံသာ တတ်နိုင်ခဲ့သည်။

ဤအချိန်တွင် တီဗီစီးရီးမှ လေ့ကျင့်ခန်းကို လုပ်နေသင့်သလားဟုပင် သူ အဆက်မပြတ် တွေးနေမိသည်။

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က အမြန်ခုန်အုပ်လိုက်ပြီး ခေါင်းကို တံတောင်ဖြင့် ထောင်းကာ အော်ဟစ်လိုက်သည်။

"မေငိုး.. ဒီထဲမှာ ငါ့ကို စိတ်အနှောင့်အယှက် မပေးရဘူးဆိုတာ နားမလည်ဘူးလား"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now