အပိုင်း(၂၃၃) မိစ္ဆာအင်ပါယာ၏ ဂုဏ်သိက္ခာ

33 4 0
                                    

ဗိုလ်ချုပ်ရီက ဤအစီအစဥ် အတွက် ဘော်လီကို အထူးပြင်ဆင်ထားသည်။

ဘော်လီကို မြေပြင်ပေါ်သို့ လွှင့်တင်လိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအား အတက်အကျက သင်တန်းဆရာ အယောက်တစ်ရာကို ချက်ချင်းပင် သတိပြုမိစေမည် ဖြစ်သည်။

အဆုံးသတ်တွင် ဗိုလ်ချုပ်ရီက ဗိုလ်ချုပ်ရီသာလျှင် ဖြစ်၏။

နောက်ထပ် အနှစ်တစ်ရာ ကျင့်ကြံ ရမည်ဆိုလျှင်ပင် ဤကဲ့သို့ အတွေးအခေါ်ကို မည်သို့မှ လိုက်မီနိုင်မည် မဟုတ်ပေ။

တစ်မိနစ်အကြာတွင် ကမ္ဘာငယ်လေးရှိ အဆောက်အဦးတစ်ခုစီ၏ ထိပ်ရှိ သင်တန်းဆရာများသည် တစ်ချိန်တည်းမှာပင် အချက်ပြမှုကို လက်ခံရရှိခဲ့သည်။

၎င်းတို့ကို အင်မော်တယ်ထုန်ရာက ဦးဆောင်ကာ မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးမည့် ဒြပ်စင်ငါးပါး မဟာအစီအရင်ကို စတင် အသက်သွင်းခဲ့သည်။

"ကိုသြဒိနိတ်တွေကို ပိတ်ထား"

"အစီအရင် အတည်ပြုပြီးပါပြီ"

"ဝိညာဥ်စွမ်းအင် သိုလှောင်မှုကို အတည်ပြုလိုက်ပါပြီ"

"အစီအရင် ခင်းကျင်းမှုကို အသက်သွင်းပါ"

အင်မော်တယ်ထုန်ရာက အထပ်မြင့် တိုက်တစ်ခု၏ ထိပ်တွင်ထိုင်ကာ သင်တန်းဆရာ အယောက်တစ်ရာကို အစီအရင် ခင်းကျင်းမှု စတင်ရန် အမိန့်ပေးလိုက်သည်နှင့် သင်တန်းဆရာများ၏ လက်ဖဝါးမှ ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်လာခဲ့သည်။

ဤအလင်းတန်း တစ်ရာက အတည်ပြုထားသော ကိုသြဒိနိတ်အမှတ်များ အထက်ရှိ ငါးရောင်ခြယ် မှော်စက်လုံး ထဲသို့ လျင်မြန်စွာ ပေါင်းစည်းသွား၏။

ထို့နောက်တွင် ဤမှော်စက်လုံးက ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ကြီးမားသော ခြောက်ထောင့်ကြယ် အခင်းအကျင်းတစ်ခုအဖြစ် တဖြည်းဖြည်း အပြင်သို့ တိုးထွက်လာခဲ့သည်။

ယင်းနောက် ညဘက်တွင် အလှလွှတ်တင်သည့် မီးရှူးမီးပန်းများကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now