အပိုင်း(၁၇၁) ၎င်း၏မျက်လုံးအတွင်းမှ ထူးဆန်းသောအလင်းရောင်

42 5 0
                                    

ကျန်းလျှိုယင်း၏ ခြိမ်းခြောက်မှုကြောင့် အမြောက်ဖြင့် တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့သည်။

"အမြောက်တွေပဲ နင်းကန်ပစ်ရမယ်လို့ ငါမမှာထားဘူးလား.. တောင်ထိပ်ကို လက်လျားလက်လျားနဲ့ ပြေးတက်သွားတဲ့သူက ဘယ်သူလဲ"

ကျန့်ထန်က သူ၏ အစီအစဥ် ဤနေရာတွင် အမှန်တကယ် လွဲချော်သွားလိမ့်မည်ဟာ မထင်ခဲ့ပေ။

သူက တယ်လီစကုပ်ကို ယူပြီး တောင်ထိပ်ကို လျင်မြန်စွာ စူးစမ်းလိုက်သည်။

"ဒီခွေးမသားက ဘယ်သူလဲဆိုတာ ကြည့်ရအောင်.."

ထို့နောက်တွင် ကျန့်ထန်က အမျိုးသမီး၏ လက်ထဲမှ နှင်းဖြူရောင်ရှိသည့်ကြောင်ကို တွေ့လိုက်ရသည်။

"အမ်...အင်မော်တယ်ကြောင်လား"

ဤတစ်ကြိမ်တွင် ကျန့်ထန်က အံ့အားသင့်သွားသည်။

.....................

ဝမ်လင်းက ကျန်းလျှိုယင်း၏ အဖမ်းအဆီးကို ခံလိုက်ရသော်လည်း ကျန့်ထန်၏ အရှိန်အဝါကို ရှာဖွေနေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် ဥာဏ်ကောင်းသည့် ကျန့်ထန်က တောင်ခြေရင်းမှာပဲ ရှိနေဆဲဆိုသည်ကို သူသိလိုက်သည်။

ဝမ်လင်းက ချက်ချင်းပင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန့်ထန်၏ တပ်များအပေါ် ဦးဆောင်လမ်းပြနိုင်မှုကို လေးစားသလို ခံစားခဲ့ရသည်။

ဤတိုက်ပွဲတွင် ကျန့်ထန်က ထောင်သောင်းချီသော ကြောင်များကို ညွှန်ကြားရင်း အသေအပျောက် လုံးဝ မရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည်။

ထို့အပြင် အရိပ်လုပ်ကြံသူများမှာ ကျန့်ထန် ဦးဆောင်သော လွတ်လပ်သော တပ်ရင်း၏ အားပြင်းသော ရီတာလီအမြောက် စွမ်းပကားကြောင့် တောင်ထိပ်ကနေ  လုံးဝမဆင်းဝံ့ခဲ့ကြပေ။

ဝမ်လင်းက သူ့ကိုယ်သူ အလကားနေရင်း စိတ်ပူနေမှန်း သိလိုက်သည်။

ကျန့်ထန်က သူထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ ရင့်ကျက်လာခဲ့သည်။

ဝမ်လင်းက သူ့ရင်ဘတ်ကို ဖက်ထားသော အမျိုးသမီးကို ခေါင်းလှည့်၍ ကြည့်လိုက်ရာ ဤအမျိုးသမီးက အရိပ်အဖွဲ့၏ ဒဏ္ဍာရီလာ ခေါင်းဆောင် ဖြစ်ကြောင်း သိလိုက်ရသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now