အပိုင်း(၂၅၀) ငါက သူ့ညီမလေး မဟုတ်ဘူး..

34 5 0
                                    

ကလေးမလေးက ရွှေဆွဲကြိုးဝတ် ဆိုးသွမ်းလူငယ်၏ အရှိုက်ကို နာကျင်အောင် လုပ်ခဲ့ကြောင်း ထင်ရှားနေသည်။

လူငယ်က ဒူးထောက်၍ ကောင်းကင်ကို ကျိန်ဆိုလိုက်သည်။

"တစ်ခါတုန်းက ကလေးမလေး တစ်ယောက် ရှိဖူးပေမဲ့ သူမကို ထွေးပွေ့ခွင့်တောင် မရလိုက်ဘူး.. သူမကို ဆုံးရှုံးလိုက်ရတဲ့အခါမှာ နောင်တရဖို့ နောက်ကျသွားခဲ့ပြီ.. လောကမှာ ဒီထက် အဆိုးဆုံးဝေဒနာ မရှိတော့ဘူး ထင်ပါရဲ့.. အကယ်၍ ကျနော့်ကို အခွင့်အရေးပေးရင် ဘယ်တော့မှ ကလေးမတွေနဲ့ မကစားတော့ပါဘူး"

.......................

ကလေးမလေးက လမ်းကြားထဲတွင် ဝမ်လင်းကို တွေ့ဆုံရန် ရွေးချယ်ရခြင်းမှာ ဝမ်လင်းက သိုသိုသိပ်သိပ် နေထိုင်ရသည်ကို နှစ်သက်သောကြောင့် ဖြစ်သည်။

ဝမ်လင်းက သူမကို အပြင်သို့ ခေါ်ထုတ်သွားသောအခါ လူပေါင်းများစွာ၏ အာရုံစူးစိုက်မှုပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ကလေးမလေး၏ ပန်းရောင်ဆံပင်နှင့် မီးခိုးရောင်အင်္ကျီလေးကလည်း တကယ်ကို ဖမ်းစားလွန်းနေသည် မဟုတ်လော။

သူမက တစ်ပေပတ်လည် အကွာအဝေးကနေ ဝမ်လင်း၏ နောက်သို့ နာခံစွာ လိုက်ပါသွားခဲ့၏။

ဝမ်လင်းက ပတ်ဝန်းကျင်မှလူများ သူ့အပေါ် စူးစူးစိုက်စိုက် ကြည့်နေသည်ကို ခံစားလိုက်ရသည်။

လူမြင်ကွင်းတွင် ကလေးမလေးနှင့် အတူ ရှိနေသောကြောင့် သူ့အနေဖြင့် တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးချ၍လည်း မဖြစ်ပေ။

ထို့အပြင် သူက ကျောင်းဝတ်စုံကိုလည်း ဝတ်ဆင်ထားဆဲဖြစ်သည်။

အကယ်၍ သူ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအား အသုံးပြုသည်ကို တစ်ယောက်ယောက်သာ မြင်သွားလျှင် နောက်တစ်နေ့၏ သတင်းစာ ခေါင်းကြီးပိုင်းတွင် "အမှတ်60 အထက်တန်းကျောင်းက  ကျောင်းသားအချို့က တည်နေရာရွှေ့နိုင်စွမ်း အမှန်တကယ် ရှိနေတာလား.. ဒါက ထူးခြားတဲ့လူသားလား ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စံနှုန်းကို ချိုးဖောက်သွားတာလား"ဟု သေချာပေါက် ပါလာမည် ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now