အပိုင်း(၂၃၆) ဗေဒင်အမွေဆက်ခံသူ စုန့်ချိုက်

36 6 0
                                    

ဝမ်လင်းက အင်မော်တယ်ထုန်ရာ သူ့ကိုယ်စား ငြင်းဆိုလိုက်သည်ကို သိသော်လည်း ယောက်ျားလေး တစ်ယောက်က သူ့ကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။

အလွန်ဆွဲဆောင်မှုရှိသော ကောင်လေးနှစ်ယောက် တွဲလာသောအခါတွင် အမေကျွမ့်၏ ကျော်ကြားသော ဟင်းတစ်ခွက်ဖြစ်သည့် "လိင်တူ မဆလာဟင်း"ကိုပင် ချက်ခြင်း တွေးမိသွားသည်။

ဗိုလ်ချုပ်ရီက ဝမ်းနည်းသော အကြည့်ဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်။

"ဒါဆို သူက မင်းရဲ့တပည့် ဖြစ်နေပြီပေါ့"

အင်မော်တယ်ထုန်ရာ "ဟုတ်ပါတယ် စီနီယာကြီး.. ကျနော် သူ့ကို ကျနော့်ရဲ့ တိုက်ရိုက်တပည့် အဖြစ် ခေါ်ထားတာ အချိန်အတော် ကြာပါပြီ"

ဤသည်မှာ အလွန်ပေါ့ပါးသော မှတ်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အင်မော်တယ်ထုန်ရာက ထိုစကားကို သေချာ တွေးတော၍ ပြောလိုက်ခြင်း ဖြစ်သည်။

အကယ်၍ သူသာ တိကျသော အချိန်ကာလ တစ်ခုကို ကျပန်းပေးမိမည် ဆိုပါက ဗိုလ်ချုပ်ရီက သူ၏ စကားကနေ ယိုပေါက်တစ်ခုကို တွေ့ရှိသွားနိုင်၏။

ထို့ကြောင့် မတိကျသော အချိန်ကာလ တစ်ခုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

စကားရွေးချယ်သုံးစွဲမှုက ဤကဲ့သို့သော အချိန်များတွင် အလွန် အသုံးဝင်၏။

"ကောင်းပြီလေ.. သူက မင်းရဲ့တပည့် ဆိုတော့လည်း သူ့ကို မင်းဆီကနေ တပည့်အဖြစ် အတင်းလုယူတာ ငါ့အတွက် သင့်တော်မှာ မဟုတ်ဘူး"

ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။

"ငါ အခု တွေးနေတာက ​​ကွာဖီကို ငါနဲ့အတူ ခေါ်သွားပြီး နောက်မှာ တရားခွင်ဆိုင်ရာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာမို့ ဒီမှာ ငါ မနေနိုင်တော့ဘူး.. လောလောဆယ်တော့ ဒီကျောင်းသားလေးကို မင်းပဲ ပြုစု စောင့်ရှောက်ပေးပါ"

"မင်းရဲ့ အစွမ်းက တော်တော်ကောင်းတယ်.. အဂ္ဂိရတ်ပညာမှာ မင်းရဲ့ အောင်မြင်မှုတွေက ဒီ နယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ရှောင်မျိုးနွယ်စုကိုတောင် ကျော်လွန်သွားခဲ့ပြီ.. ဒီကျောင်းသားလေးကသာ မင်းနောက်ကို လိုက်ခဲ့မယ် ဆိုရင် အနာဂတ်မှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်မှာ သေချာတယ်"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Tempat cerita menjadi hidup. Temukan sekarang