အပိုင်း(၁၈၉) အိုး ငါ့.. လခွမ်း

33 4 1
                                    

ပလတ်စတစ်အိတ်ကို ကိုင်၍ ကုန်စုံဆိုင်ရှေ့တွင် ရပ်နေသော  ဝမ်လင်းက ဆိုင်အတွင်းထဲတွင် အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလိုပဲ အနက်ရောင် မီးခိုးတွေက တံခါးဝကနေ လျင်မြန်စွာ ထွက်ပေါ်လာသည်။

လွန်ခဲ့သည့်နှစ်ရက်တွင် မိစ္ဆာအင်ပါယာ ကွာဖီမှာ လူသုံးဆယ့်နှစ်ယောက် အပေါ်၌ ထိုနည်းလမ်းကို အသုံးပြုခဲ့ပြီးပြီ ဖြစ်၏။

ထို့ကြောင့် အရင်ထက်ပို၍ ကျင့်သားရလာခဲ့သည်။

ထိုမြင်ကွင်းကြောင့် မလှမ်းမကမ်းမှ အင်မော်တယ် ထုန်ရာမှာ ထိတ်လန့်သွားသည်။

အနက်ရောင် မီးခိုးငွေ့က အလွန် လျင်မြန်လွန်းသဖြင့် ထုန်ရာက ကောင်းကင်မျက်လုံးဖြင့်ပင် ၎င်း၏ လှုပ်ရှားမှုများကို လိုက်မမီနိုင်ခဲ့ပေ။

"စီနီယာ သတိထား"

ထိုတခဏတွင် အနက်ရောင် မီးခိုးလုံးကြီး တစ်ခုက ဝမ်လင်းကို မြင်ကွင်းကနေ တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

မိစ္ဆာအင်ပါယာ ကွာဖီက အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ဤလူငယ်က နုပျိုလန်းဆန်းပြီး အားမာန် အပြည့်ရှိကြောင်း သူခံစားနိုင်သည်။

"အနံ့အသက် အရမ်းကောင်းတယ်"

သူက မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။

လူငယ်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော ကိုယ်နံ့က မူးယစ်ဆေးဝါးကဲ့သို့ စွဲလန်းစေနိုင်၏။

အနက်ရောင် မီးခိုးလုံးများဖြင့် ဝန်းရံထားသည့် အမှောင်ထဲတွင် ဝမ်လင်းက ဘာကိုမှ မမြင်ရဘဲ ညည်းညူနေသည့် အသံတစ်ခုကိုသာ ကြားလိုက်ရသည်။

ထို့နောက်တွင် အနက်ရောင်မီးခိုးငွေ့ ထဲ၌ မျက်နှာဖုံးတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

"ကျောက်သရဲမျက်နှာဖုံးလား"

ဝမ်လင်းက သူမြင်နေရသည်ကို အတည်ပြုရန် မျက်လုံးများကို မှိတ်ထားခဲ့သည်။

"ဒါပေမယ့်.. ဘာလို့ဒီနေရာမှာ ပေါ်လာတာလဲ"

အမှောင်ထဲမှ မိစ္ဆာအင်ပါယာ ကွာဖီက လှောင်ရယ်လိုက်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now