အပိုင်း(၁၉၇) မိုးကြိုးစွမ်းအားကြောင့် ကလိထိုးသလို ခန္ဓာကိုယ် တွန့်လိမ်ပြီးနောက်.

36 5 0
                                    

ဓမ္မရာဂျာ၏ ယုံကြည်မှုကို ယုတ္တိမရှိဟု ပြော၍မရပေ။

သန့်စင်မွန်မြတ်သော မိုးကြိုး အမွေအနှစ် စွမ်းအား ပါဝင်နေသည့် လက်သီးမှာ ကြီးမားသော အဖျက်စွမ်းအား ပါရုံမျှမကဘဲ ခန္ဓာကိုယ်ထဲသို့ ဝင်​ရောက်လာလျှင် အာရုံကြောတွေကို ချက်ခြင်း ထုံထိုင်းသွားစေမည် ဖြစ်သည်။

စင်စစ် သန့်စင်မွန်မြတ်သော မိုးကြိုးအမွေအနှစ် စွမ်းအားကို တိုက်ရိုက် ထိမှန်ပြီး ရပ်တည်နိုင်သူ အလွန်ရှားပါးသည်။

ဟုတ်ပါသည်။ ယင်းမှာ မိုးကြိုးအမွေအနှစ်၏ စွမ်းအား အပြည့်အဝ မဟုတ်သေးပေ။

တစ်ခါက ယုံကြည်မှု လွန်ကဲသည့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ မိုးကြိုး အမွေအနှစ်၏ စွမ်းအားကြောင့် ဓာတ်လိုက်သလို အပြင်းအထန် ခံစားခဲ့ရပြီး အလောင်းကဲ့သို့ အိပ်ယာပေါ်တွင် နှစ်ရက်မျှ လှဲနေခဲ့ရသည်။

"နောက်ဆုံးအကြိမ်၊ ဗုံးပစ်စီနီယာ အင်မော်တယ်ကို တိုက်ခိုက်တုန်းက မိုးကြိုးအမွေအနှစ် စွမ်းအားကို ၆၀%ပဲ ငါသုံးခဲ့တယ်.. လင်းကျန်းရန်ရဲ့ ကြီးမားလှတဲ့ ခွန်အားအကြောင်းကိုတော့ ငါ ကြားဖူးထားတာ ကြာပါပြီ.. ဒါကြောင့် ဒီစိန်ခေါ်မှုကို ငါ သေချာ စဉ်းစားပြီးပြီ"

ဓမ္မရာဂျာက အလွန်ထက်မြက်သော အမူအရာဖြင့် ဝမ်လင်းကို ထပ်မံ ဦးညွှတ်ခဲ့သည်။

သူ့စကားကြောင့် အင်မော်တယ် ထုန်ရာက သဘောပေါက်သွားသည်။

"မင်းက မိုးကြိုးအမွေအနှစ် စွမ်းအားကို စမ်းသပ်ဖို့ အတွက် စီနီယာလင်းကို ပစ်မှတ်အဖြစ် လုပ်စေချင်တာလား"

"ဒီအမွေအနှစ်က လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကစပြီး ငါ့ဆီကိုရောက်လာခဲ့တယ်.. မိုးကြိုးမျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ အမွေအနှစ်ကို အပြီးအပိုင် အမွေဆက်ခံဖို့ အတွက် အနှစ်သုံးရာလောက် အချိန်ယူခဲ့ရတယ်.. အဲဒီနောက်မှာတော့ ရှောင်မိသားစုမှာ အလုပ်ရခဲ့တယ်.. ဝမ်းနည်းစရာ အကောင်းဆုံးက မိုးကြိုးအမွေအနှစ် စွမ်းအား  ဘယ်လောက်ထိ အစွမ်းထက်တယ် ဆိုတာကို ငါကိုယ်တိုင် မျက်စိနဲ့ မမြင်ရသေးတာပဲ"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now