အပိုင်း(၂၂၇) နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးသည်

39 6 0
                                    

ဝမ်မင်အနေဖြင့် သူ၏ ညံ့ဖျင်းသော ခန္ဓာကိုယ်ကြောင့် ဘဝတစ်လျောက်လုံး ကျင့်ကြံနိုင်မည် မဟုတ်ပေ။

သူ့တွင် အသန်မာဆုံး ဦးနှောက်ရှိသော်လည်း ဝမ်လင်း၏ မွေးရာပါ ကျင့်ကြံခြင်း စွမ်းရည်ကို အလွန်ပင် မနာလိုဖြစ်ခဲ့ရသည်။

ကျင့်ကြံရသည့် ခံစားချက်က မည်သို့နည်း။

သူက အမှန်တကယ် သိချင်နေခဲ့သည်။

သို့သော် ယင်းက အတွေးတစ်ခုမျှသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ခေတ်သစ်ခေတ်၏ ထူးချွန်သော ကျင့်ကြံသူ ဖြစ်ချင်လျှင် ဖိအားဒဏ်ကို အတော်လေး ခံနိုင်ရည်ရှိမှသာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

သိပ္ပံကျင့်ကြံခြင်းခေတ်တွင် အရည်အသွေးရှိသော ပညာရေးကို အထူး အလေးထားသည်။

ဗုဒ္ဓ သို့မဟုတ် နတ်ဘုရားကို သတ်ဖြတ်နိုင်သည်နှင့် လူအများထံမှ လေးစားမှုကို ရရှိလာမည် မဟုတ်ပေ။

ယင်းအခြေအနေမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဤခေတ်တွင် ကျော်ကြားသော ကျင့်ကြံသူ ဖြစ်လာရန်မှာ ထူးချွန်ထက်မြက်ရုံသာမက လူမှုရေး တာဝန်ကိုပါ အတိုင်းအတာ တစ်ခုအထိ ထမ်းဆောင်ရမည် ဖြစ်သည်။

ဖိအားချင်း နှိုင်းယှဥ်ကြည့်လျှင် ဝမ်လင်းအပေါ် သက်ရောက်နေသည့် ဖိအားက သူ့ထက်ပင် ပိုကြီးသည်ဟု ဝမ်မင် ခံစားမိသည်။

ဝမ်လင်းက ရေ​မြွေလိုမျိုး နေ့စဉ်နှင့်အမျှ နှိမ့်ချ နေထိုင်နေရပြီး အော်ရာ ယိုစိမ့်ခြင်းမှ ကာကွယ်ရန် ကြိုးစားနေရ၏။

ထို့အပြင် သူက ဤခရီးလမ်း တစ်လျောက်လုံး ကမ္ဘာကြီးကိုကယ်တင်ရန်သာ စဉ်းစားနေခဲ့သည်။

သူက ပြဿနာများ ထဲတွင် ဘယ်တုန်းကမှ ဝင်မပါချင်ခဲ့သော်လည်း ပြဿနာက သူ၏အိမ်ရှေ့ထိ တံခါး လာခေါက်ခဲ့သည်ချည်းပင်။

ကမ္ဘာခြားဂိတ်၏ အသွင်အပြင်က ကမ္ဘာကို တုန်လှုပ်စေသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာတော့မည်မှာ သေချာသည်။

ဤတစ်ကြိမ်တွင် ဝမ်လင်းက တံခါးကို ဆောင့်ပိတ်လိုက်ပြီး နတ်ဆိုးဘုရင်၏ လက်ကို ဖြတ်ပစ်ကာ မည်သူမှ သတိမပြုမိခင် ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now