အပိုင်း(၂၁၇) ဝတ်ပြုရာတွင်ဒူးအောက်၌ခံသောခေါင်းအုံး

34 5 0
                                    

ဝမ်မင်၏ ဘဝတစ်လျောက်လုံးတွင် မှော်ရတနာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကိုင်ဆောင်ထားရသည့် အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးသောကြောင့် ဤသည်မှာ သူ့အတွက် ရှားပါးသော အခွင့်အရေးတစ်ခုပင်။

ကံမကောင်းစွာပင် သူ၏ စိတ်ကူးယဉ်မှုက ပြိုကျလုနီးပါး ဖြစ်နေသည်။

ဤကန္တာရထဲရှိ လူအုပ်စုက သတ္တိနည်းလွန်းလှသည်။

တစ်နာရီခွဲ လုံးလုံး အနည်းငယ်မျှ လှုပ်ရှားမှုမရှိခဲ့ပေ။

ရေဒါပေါ်ရှိ အနီရောင်အစက်များပင် မလှုပ်ရှားခဲ့ချေ။

လူတိုင်းက ငြိမ်သက်နေပြီး အစီအရင်က ပေးပို့မည့်လက်ဆောင်သေတ္တာကို လက်ခံရန် စောင့်ဆိုင်းနေပုံရသည်။

ထို့အပြင် မျက်စိဖြင့် မြင်နိုင်သလောက် ဤနေရာ၏ မြေပြင်ပေါ်တွင် မှော်ရတနာတစ်ခုမျှ မရှိပေ။

ဆိုရလျှင် ဤနေရာက အဆိုးဝါးဆုံး နေရာ ဖြစ်သည်။

ကမ္ဘာငယ်လေးတွင် အချိန်များက မတူညီသည့်နှုန်းဖြင့် စီးဆင်းနေ၏။

စစ်ရေးလေ့ကျင့်မှုက ပြင်ပကမ္ဘာ၏ အချိန်နှင့်အညီ သုံးရက်ကြာမြင့်မည် ဖြစ်သည်။

အဆိပ်မြူများ ဆက်လက် ပိတ်ဆို့လာချိန်တွင် မြေပြင်နှင့်ကပ်၍ လှဲနေနိုင်လျှင် အနည်းဆုံး ထိပ်တန်းအယောက်100 စာရင်းဝင် အဖြစ် အဆင့် သတ်မှတ် ခံရနိုင်ပေသည်။

သူတို့က အနိုင်ရနိုင်မည့် နည်းလမ်းအားလုံးကို ရှာဖွေခဲ့ကြသည်။

ယင်းမှာ အရမ်းကို ပင်ပန်းလွန်းသည်။

သူ၏ ရူးကြောင်ကြောင် သိပ္ပံပညာရှင် ဝမ်းကွဲအကိုက အချိန်အတော်ကြာ မလှုပ်မရှားဘဲ နေနိုင်သော လူတစ်ယောက် မဟုတ်ကြောင်း ဝမ်လင်း သိသည်။

သူ့ရင်ထဲ၌ ညည်းတွားနေသော အချိန်တွင် ရုတ်တရက် လေထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လေးထောင့်သေတ္တာ တစ်လုံးက တဖြည်းဖြည်း ဆင်းသက်လာသည်။

"လက်ဆောင်သေတ္တာလား"

"အဲဒီထဲမှာ ပစ္စည်းကောင်း တစ်ခုခု ပါနိုင်တယ်"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now