အပိုင်း(၂၁၆) ဝမ်မင်၏ တန်ပြန်တိုက်ခိုက်မှု

39 6 0
                                    

ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မည့် ကမ္ဘာငယ်လေးက အကန့်အသတ်မရှိ ကြီးမားသည်။

ဤသည်က ဗိုလ်ချုပ်ကြီး ရီ အထူးပြင်ဆင်ထားခဲ့သော ကမ္ဘာငယ်လေး ဖြစ်ပြီး ဤနေရာ၌ ဝိညာဉ်စွမ်းအင်များလည်း အလွန် ပေါကြွယ်ဝသည်။

အစီအရင်၏ စွမ်းအားဖြင့် လေထဲသို့ ဖြည်းဖြည်းချင်း တက်လာခဲ့ကြပြီး ကမ္ဘာငယ်လေးထဲသို့ ကျောင်းသားများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က မြေပြင်အထက် ငါးကီလိုမီတာခန့် အကွာအဝေးတွင် တ​ဖြည်းဖြည်း ရပ်တန့်သွား​ကြ၏။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ ကမ္ဘာငယ်လေး၏ အလယ်ဗဟိုတွင် နယ်မြေ အားသာချက် ရှိသည့် နေရာကို တွေ့ရှိခဲ့သည်။

ယင်းနေရာ၌ ပြန့်ပြူးသော ကုန်းပြင်မြင့် တစ်ခု ရှိသည့်အပြင် ကြမ်းတမ်းသော တောင်တန်းလမ်း များစွာက ဝန်းရံထားသေးသည်။

ဤလမ်းများ အားလုံးက တောင်ကုန်းပြင်မြင့်သို့ လူအများရောက်ရှိနိုင်စေရန် ဒီဇိုင်းထုတ်ထားကြောင်း သူနားလည်ခဲ့သည်။

တာဝေးပစ် မှော်လက်နက် ကိုင်ဆောင်ထားသူ အတွက်မူ ယင်းနေရာက ခြုံခိုတိုက်ခိုက်ရန် အတွက် အားသာချက် တစ်ခု ဖြစ်လာမည် ဖြစ်၏။

ထိုနယ်မြေအပြင် အထပ်မြင့် အဆောက်အအုံ အမျိုးမျိုးနှင့် ပုံစံတူ အထင်ကရ အဆောက်အဦးများ ပါရှိသည့် မြို့ပြဧရိယာ တစ်ခုကိုလည်း တွေ့ရသည်။

ထို့အပြင် ဝမ်လင်းက ကမ္ဘာငယ်လေး၏ မိုးကုတ်စက်ဝိုင်းကိုဖြတ်၍ ကောင်းကင်မျက်လုံးဖြင့် မြင်နိုင်သည့် လမ်းကြောင်းများကို စစ်ဆေးလိုက်ရာ အဝေးဆုံး တစ်နေရာရှိ ပင်လယ်ဘက်တွင် အနက်ရောင် ထူထပ်သော မြူခိုးများ ပျံ့လွင့်နေသည်ကို သတိပြုမိသည်။

ဤထူထပ်သော မြူခိုးများမှာ နတ်ဆိုးဝိညာဉ် တစ်မျိုးဘဲ ပြိုင်ပွဲစနစ်၏ ဖယ်ရှားရေး ယန္တရားတစ်ခု ဖြစ်သည်။

ပြိုင်ပွဲအချိန် ကြာလာသည်နှင့်အမျှ ဤမြူခိုးများက ဧရိယာများကို တဖြည်းဖြည်း ဖုံးလွှမ်းသွားမည် ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now