ဝမ်လင်းက အာကာပြင်ကိုကျော်ဖြတ်၍ ရေခဲခရစ္စတယ် အစီအရင်မှ ဖန်တီးထားသော မှန်လောကထဲသို့ ရောက်လာသောအခါ မှောင်နေပြီ ဖြစ်ကြောင်း သတိရမိသည်။
ထိုအချိန်က ညဘက်သို့ လုံးဝ ကူးပြောင်းနေပြီ ဖြစ်၏။
သူက ယွင်ထိုက်ခန်းမ၏ အပေါ်ထပ်သို့ ရောက်လာသောအခါဖန့်ရှင်းမှလွဲ၍ အော်ရာ အများအပြားကို ခံစားမိခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
"ငါက ညီနောင်လင်းနဲ့ တစ်ချိန်လုံး အတူရှိနေတာပါ.. ညီနောင်ဖန့်ရှင်းက ညီနောင် ဓမ္မရာဂျာနဲ့ ညီနောင် ဖက်တီးလောတို့နဲ့ အတူတူရှိနေမယ်လို့ ငါထင်ခဲ့တာ.. ဒါပေမဲ့ အခုချိန်ထိ ညီနောင်ဖန့်ရှင်းကို အရိပ်အယောင်တောင် မတွေ့ရသေးဘူး"
"ငါကတော့ အင်မော်တယ်ထုန်ရာနဲ့ လမ်းမှာတွေ့ခဲ့တာ.. ဒါပေမဲ့ အဲဒီမတိုင်ခင် မောင်လေးဖန့်ရှင်းကို တစ်နေရာမှာ တွေ့မိလိုက်သလိုပဲ"
ချိုက်လျန်က ပြောလိုက်သည်။
"မင်းစကားက ဘာကိုဆိုလိုချင်တာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အသေအချာ ပြန်လည် မေးလိုက်သည်။
"ဒီလိုလေ.. မောင်လေးဖန့်ရှင်းနဲ့ တော်တော်တူတဲ့သူကို လမ်းမှာ တွေ့မိလိုက်တယ်.. သူဟုတ်မဟုတ်တော့ အတည်မပြုနိုင်ခဲ့ဘူး"
ချိုက်လျန်က မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြောလိုက်သည်။
"ဘာလို့လဲ"
"ဒီလူရဲ့ အငွေ့အသက်က လုံးဝ စိမ်းကားနေသလို ခံစားရတယ်.. မောင်လေး ဖန့်ရှင်းရဲ့ အငွေ့အသက်က လင်းကျန်းရန် လိုပဲ တက်ကြွလန်းဆန်းတဲ့ အငွေ့အသက်လေ.. အဲဒီလူကို အနောက်ကနေ မြင်လိုက်ရတဲ့ အချိန်မှာ အရိုးခိုက်အောင် အေးစိမ့်သွားသလို ခံစားလိုက်ရတယ်"
ချိုက်လျန်က သူမ၏ ဒွိဟများကို ထုတ်ဖော်လိုက်သည်။
"ငါမှားတာလည်း ဖြစ်နိုင်ပါတယ်"
"မင်းနဲ့ တွေ့တုန်းက သူဘာတွေလုပ်နေလဲ"
"သူက လင်းလန်ခန်းမလို့ခေါ်တဲ့ ကောင်းကင်နန်းတော်ဆီကို ဦးတည်သွားနေတဲ့ပုံပဲ"
![](https://img.wattpad.com/cover/355266511-288-k871373.jpg)