အပိုင်း(၂၀၇) ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာ အားကောင်းလွန်းသည်

31 5 0
                                    

ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ကျင့်ကြံခြင်း အသိုင်းအဝန်း၏ ဝါရင့်တစ်ဦး အနေဖြင့် ၎င်း၏ အမည်ပြောင် ဖြစ်သည့် လေဖော ဟူသော အမည်နှင့် ထိုက်တန်သည်။

သူသာ ချိုင်းထောက် ရောင်းစားလျှင် လူအများကို ခြေဆာနေသည်ဟု ထင်မြင်အောင် လေဖောနိုင်ပြီး ကားရောင်းစားလျှင် ငွေအထုတ်လိုက် ထွက်ကျလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းဖိုရမ်ကို စတင် တည်ထောင်စဉ်က ရန်ပုံငွေ နည်းပါးခဲ့သည်။

ထိုအချိန်က ဗုံးပစ်စီနီယာ အင်မော်တယ်မှာ သူ၏ လေဖောစွမ်းရည်ကို အားကိုး၍ မြို့ထဲသို့ လှည့်လည်ကာ လမ်းသွားလမ်းလာများကို လှည့်ဖြားခဲ့သည်။

"ညီနောင် မင်းရဲ့ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက် အရ ဆိုရင် မင်းက ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်လို့ ငါပြောနိုင်တယ်.. ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ မင်းလိုလူမျိုးတွေ လိုအပ်တယ်"

ထိုသို့ မြှောက်ပင့်ပြောဆိုပြီး နောက်တွင် လက်လုပ် သစ်သားဝိညာဉ်ဓားများနှင့် ကျင့်ကြံခြင်း ဆိုင်ရာ စာအုပ် အများအပြားကို ရောင်းချခဲ့သည်။

သူ၏ ဖောက်သည်များ အားလုံးမှာ နုံချာသော လယ်သမားများဖြစ်ပြီး သူ၏ အဆွယ်ကောင်းမှုကြောင့် ကျင့်ကြံခြင်း အသိုင်းအဝန်းထဲသို့ ဘုမသိဘမသိ ဝင်ရောက်လာခဲ့ကြသည်။

အသေအချာ တွေးကြည့်လျှင် ဤကဲ့သို့သော လုပ်ရပ်မှာ သိက္ခာမဲ့သော လုပ်ရပ်တစ်ခု ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်မှာ မတရားသောကိစ္စဟု ထင်လျှင် မည်သူ့မျက်နှာကိုမှ မထောက်ဘဲ ဝင်ပါလေ့ရှိ၍ ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ လေးစားကြည်ညိုခြင်းကို ခံရသည့်သူဖြစ်ပြီး သေမင်းတမန်စီနီယာ ဟုပင် တချို့က တင်စားကြသည်။

ထိုကဲ့သို့သောသူက ဤကဲ့သို့ သိက္ခာမဲ့သော လုပ်ရပ်ကို ကျူးလွန်ခြင်းမှာ တကယ်ကို အရှက်မဲ့သည်ဟု ဆိုရပေမည်။

အတိတ်က ဖြစ်ရပ်များကို ပြန်၍​ ခြေရာခံရမည် ဆိုလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ ရေစက်မှာ ဝမ်လင်း ငယ်ငယ်လေး ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်ကို အံ့သြဖွယ် တွေ့ရမည် ဖြစ်၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now