ဝမ်လင်းက ဤမြင်ကွင်းကို ငေးကြည့်နေခဲ့သည်။
သူက အနားယူချင်ဟန် ဆောင်ရင်း သစ်ပင်ရိပ်အောက်တွင် ထိုင်နေသည်။
ဤနေရာက မထင်ရှား မပေါ်လွင်သော နေရာလည်း ဖြစ်၏။
သို့ရာတွင် ဝမ်လင်း၏ တွက်ချက်မှုက လွဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာက ဖန့်ရှင်း နှင့် ဆန့်ကျင်ဘက်နေရာ ဖြစ်နေသည့်အပြင် သူတို့က တစ်ဦးနှင့် တစ်ဦး အလွန် နီးကပ်နေသောကြောင့်ပင်။
ရလဒ်အနေဖြင့် ဆရာယဲ့ဟန်၏ စကားဆုံးသည်နှင့် ဖန့်ရှင်းက ဝမ်လင်းဆီသို့ ဦးတည်၍ ခြေလှမ်းလိုက်သည်။
"ဒီက အတန်းဖော်.. ငါ့ကို မင်းရဲ့ ဝိညာဥ်ဓား တစ်ခဏလောက် ဌားပေးနိုင်မလား"
ဖန့်ရှင်းက သဘာဝကျသည့် တည်ငြိမ်သော အမူအရာဖြင့် ပြုံးပြုံးရွှင်ရွှင် အကူအညီ တောင်းလိုက်သည်။
ဝမ်လင်းက ဓားဌားပေးရန် ဆန္ဒမရှိပေ။
ကျင့်ကြံသူများ အတွက် ၎င်းတို့၏ ကိုယ်ပိုင် မှော်ရတနာမှာ တစ်ဦးတည်းပိုင် ပစ္စည်းမျိုးလည်း ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဝမ်လင်းအတွက် ကျင့်ခယ်က အထူးအရေးပါနေခြင်းပင်။
ဖန့်ရှင်း၏ တောင်းဆိုမှု အပြီးတွင် နှစ်ဦးလုံးက မလှုပ်မရှား ဖြစ်နေကြသည်။
သူတို့က တစ်ယောက်ကို တစ်ယောက် တစ်မီတာ အကွာကနေ ကြည့်နေကြ၏။
ယင်းက ဖန့်ရှင်း နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းလည်း ဖြစ်သည်။
မြင်ကွင်းအရ တစ်ယောက်က သစ်ပင်ရိပ်မှာ ထိုင်နေပြီး နောက်တစ်ယောက်က နေရောင်အောက်တွင် ရပ်နေကာ ပြတ်သားသော ခြားနားမှုကို ဖန်တီးနေ၏။
နေရောင်ထဲတွင် ဖန့်ရှင်း၏ ဆံပင်က အနည်းငယ် အညိုရောင်
ဖြစ်နေသည်။သူက အဖြူရောင် ရှပ်အင်္ကျီလက်တို နှင့် အပြာရောင် အဖြူစင်း ဘောင်းဘီကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။
ဖန့်ရှင်းက အလွန်ချောမောပြီး မိန်းကလေး အဝတ်အစားများ ၀တ်ထားလျှင်ပင် လှပနေမည်မှာ သေချာသည်ဟု ဝမ်လင်း ခံစားမိသည်။
![](https://img.wattpad.com/cover/355266511-288-k871373.jpg)