အပိုင်း(၂၉၀) မင်းရဲ့ ပလတ်စတစ် ဆာဂျရီကို ဘယ်သူလုပ်ပေးတာလဲ

24 4 0
                                    

ဝမ်လင်းက ရှေးခေတ်မှ အနန္တတန်ခိုးရှင်းများ အကြောင်းကို များစွာ ကြားသိခဲ့ရသော်လည်း ၎င်းတို့၏ စွမ်းအားများနှင့်ပေါင်းစပ်ထားသည့် အစီအရင်ကို မကြာမီ ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အုတ်ပေါ်တွင် ချန်ထားခဲ့သော သဲလွန်စအရ ဆိုလျှင် အင်မော်တယ်စံအိမ်၏ သခင်က ထိုစွမ်းအားများနှင့် အမှန်တကယ် ချိတ်ဆက်မှု ရှိနေကြောင်း မပြောဘဲ သိနိုင်ပေသည်။

ဟွာရှို့၏ ဥပဒေများတွင် ထိုလုပ်ရပ်မျိုးကို တင်းကြပ်စွာတားမြစ်ထား၏။

၎င်းက အမွေဆက်ခံခြင်းဆိုင်ရာ နည်းလမ်းအချို့ကဲ့သို့ "တရားမဝင် အမွေဆက်ခံခြင်း"ရာဇဝတ်မှုတွင် အကြုံးဝင်နေသည်။

ယခုအချိန်တွင် အဓိကပြဿနာမှာ ထိုစွမ်းအား မဟုတ်ချေ။

ထိုအစား စိတ်ဝင်စားသင့်သော အရာမှာ အင်မော်တယ်စံအိမ်သခင်က အနန္တတန်ခိုးရှင် စွမ်းအား ပါဝင်သည့် မှော်အစီအရင်ကို ခင်းကျင်းသည့် ပညာရပ်အား မည်သည့်နေရာမှ သင်ယူခဲ့လည်း ဆိုခြင်းပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။

"စျေးကွက်မှာ ဒီလိုမျိုးအစီအရင်တွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ပေါ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ လှည့်ဖြားမှု တစ်ခုသာ ဖြစ်နေခဲ့တယ်.. တချို့ရာဇဝတ်ကောင်တွေ ဆိုရင် တည်နေရာရွှေ့ပြောင်းတဲ့ အစီအရင်ကို အနန္တတန်ခိုးရှင် စွမ်းအား ပေါင်းစပ်ပါဝင်တဲ့ အစီအရင်အဖြစ် အသွင်ယူပြီး လှည့်ဖြားခဲ့ကြတာ လူအတော်များများ အလိမ်ခံခဲ့ရတယ်"

ဝမ်လင်း "............"

"ဒါ့အပြင် လူတော်တော်များများက ဒီအစီအရင်နဲ့ပတ်သက်ပြီး အမှန်တရားတစ်ဝက်ပဲ သိထားကြတယ်.. သက်ရှိ ရုပ်ကြွင်းလို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့သူကိုတော့ အစီအရင်နဲ့ ပေါင်းစပ်လို့ မလွယ်ဘူး.. အဲဒီလိုလုပ်ချင်တယ် ဆိုရင်တော့ အဲဒီလူ မသေခင်မှာ ဝိညာဥ်စွမ်းအင် အမြောက်အမြား ကျန်ခဲ့မှဖြစ်မယ်.. ဥပမာပြောရရင် ဓမ္မရာဂျာက နတ်မိုးကြိုးအမွေအနှစ်ကို ကြားခံအဖြစ် အသုံးပြုပြီး မှော်အစီအရင်နဲ့ ပေါင်းစပ်လိုက်ရင်တော့ အဲဒါက ကျိန်းသေ အလုပ်ဖြစ်လိမ့်မယ်"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now