အပိုင်း(၃၂၂) ငါး မသာပေါ်သွားတဲ့ မျက်လုံးနဲ့ ခပ်ချောချော ကောင်လေးကို မင်းမြင်လား

20 3 0
                                    

အနက်ရောင်ဆေးပြင်းလိပ်တွင် ထူးခြားသော မူလဇစ်မြစ်ရှိသည်။

ဘဝအတွေ့အကြုံ နည်းပါးသူများက ၎င်းကို သိမည်မဟုတ်ချေ။

သို့သော် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင်ကတော့ မတူပေ။

ကျန်းဟိုင်ဖူက ရွှေအမြူတေ  အဆင့်တွင်သာ ရှိပြီး မိသားစု အလွန် ဆင်းရဲသောကြောင့် မည်သည့် နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့မရခဲ့ဘဲ ဂိုဏ်းတည်ထောင်သူ ဖြစ်လာခဲ့သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူက အစားအသောက် ပါဝင်ပစ္စည်းများကို စုဆောင်းရန် ကမ္ဘာတစ်ဝှမ်းသို့ ခရီးထွက်ခဲ့သည်။

ထို့ကြောင့် ဤဆေးပြင်းလိပ်တွင် ထည့်ထားသည့် ကောင်းကင်ရတနာများ၏ အနံ့ကို ကောင်းစွာ သိနိုင်ခဲ့၏။

ဖေဖေဝမ်က သူ၏ အဆိပ်ပြင်းသော လျှာစွမ်းအား အစွမ်းကုန် ထုတ်သုံးနေသောကြောင့် ကျန်းဟိုင်ဖူ၏ လက်အောက်ငယ်သားများမှာ သည်းမခံနိုင်ကြတော့ပေ။

အကယ်၍ ဤနေရာတွင် အခြားမိဘများ နှင့် ဆရာများ အပြင် မီးဖိုချောင်သုံး ဓားဂိုဏ်း၏ မျက်နှာ အတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် ၎င်းတို့က ဖေဖေဝမ်ဆီ ချက်ချင်း ပြေးလွှား၍ ဆုံးမမိမည် ဖြစ်သည်။

သို့သော် ငယ်သားများက ကျန်းဟိုင်ဖူ၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာတွင် ထိုသို့သော အမူအရာမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

မကြာသေးမီကပင် သူက ဒေါသကို မျိုသိပ်ထားပုံ ရနေသည်မဟုတ်လော။

သို့သော် ထိုအနက်ရောင် ဆေးပြင်းလိပ်ကို မြင်သောအခါ ကျောက်တုံးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။

ကျန်းဟိုင်ဖူက တစ်မိနစ်လောက် အတွေးထဲ ပျောက်ကွယ်သွားပြီးနောက် အသိစိတ် ပြန်ဝင်လာပြီး ဖေဖေဝမ်ကို မီးခြစ် ထုတ်ပေးလိုက်သည်။

"ညီနောင်.. မင်းရဲ့ ဆေးပြင်းလိပ်က အရည်အသွေးကောင်းသားပဲ.. ဘယ်မှာဝယ်ခဲ့တာလဲ"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now