အပိုင်း(၂၈၀) လင်းကျန်းရန် ဘယ်လိုလုပ် သန်မာသူဖြစ်လာတာလဲ

28 6 0
                                    

ကံကြမ္မာဆိုးက သူ့အပေါ် ဘယ်အချိန် ကျရောက်လာတတ်မှန်းပင် ဝမ်လင်း တစ်ယောက် ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

သို့သော် သူ့အနေဖြင့် ၎င်းကို ကံကြမ္မာဆိုးဟု တထစ်ချ သတ်မှတ်မည် မဟုတ်တော့ချေ။

ယခုမူ ဝမ်လင်းက ခေါက်ဆွဲခြောက်ကို တိတ်တိတ်ဆိတ်ဆိတ် စားနေရင်း ဤကံကြမ္မာက နက်နဲလာသည်ဟု ကောင်းကောင်းကြီး သိလိုက်သည်။

ခေါက်ဆွဲအကြွပ်ကြော်ကို စားပြီးသောအခါ အဖြူရောင်ဝတ်လူငယ်က သူ့လက်ချောင်းများကို စုပ်၍ ချီးမွမ်းခန်း ဖွင့်လိုက်သည်။

"ညီနောင် ဖန့်ရှင်း.. မင်းရဲ့ခေါက်ဆွဲခြောက်က အရမ်းစားကောင်းတာပဲ"

သူ့စကားကို ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ဓမ္မရာဂျာ၊ အင်မော်တယ်ထုန်ရာ၊ ဖက်တီးလော နှင့် ချိုက်လျန်တို့ အားလုံးက ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။

"စားပြီးတာနဲ့ ငါ့ရဲ့ စွမ်းအားတွေ ပြည့်နေသလို တကယ်​ကြီး ခံစားရတယ်"

"ညီနောင်ဖန့်ရှင်း.. မင်းရဲ့ ခေါက်ဆွဲကြွပ်​ကြော်ထဲမှာ ဆေးဖက်ဝင် အပင်တွေ အများကြီး ပါနေတာလား"

အင်မော်တယ်ထုန်ရာက အရသာကို မြည်းစမ်းကြည့်၍ သုံးသပ်လိုက်သည်။

"ဒီခေါက်ဆွဲကြွပ်ကြော် သရေစာထုပ်မှာ ရာနဲ့ချီတဲ့ ဆေးဖက်ဝင်အပင်တွေ ပါဝင်တယ်.. ဆေးပင် အားလုံးရဲ့ အနံ့အသက်ကို ချေဖျက်ပြီး သရေစာရဲ့ အရသာကို ထိန်းသိမ်းဖို့ ဆိုတာ တကယ်ပဲ လွယ်တဲ့အလုပ် မဟုတ်ဘူး

ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။

"စီနီယာက ကျနော့်ကို မြှောက်နေပါပြီ"

ဖန့်ရှင်း ပြုံးလိုက်သည်။

"ကျနော်က ကျောင်းတက်ရင်း ကျနော်တို့မိသားစုရဲ့ ခေါက်ဆွဲဆိုင်မှာ သင်ယူခဲ့ရတာပါ.. ဒီခေါက်ဆွဲခြောက် အပါအဝင် အသင့်စား ခေါက်ဆွဲတွေက ကျနော်တို့မိသားစုရဲ့ ခေါက်ဆွဲဆိုင်က သုတေသနပြုပြီး တီထွင်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်အသစ်ပါ.. ဈေးကွက်မှာ တရားဝင် မရောင်းချရသေးပါဘူး"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now