အပိုင်း(၁၉၅) လျှပ်စီး စွမ်းအားကို သင်ကြားရန် အတွက်သာ အသုံးပြုသည်ဟု ထင်ပါသလော

44 5 0
                                    

ထိုသို့ပြောခြင်းမှာ ဝမ်လင်းက အင်မော်တယ်ထုန်ရာကို မနှစ်သက်သောကြောင့် မဟုတ်ပါ။

အင်မော်တယ်ထုန်ရာက ဉာဏ်ကောင်းပြီး အပိုဆုအဖြစ်ရုပ်ရည်ပါ ချောမောသော်လည်း ထိုအချက်မှာ ဝမ်လင်း၏ ဦးစားပေး အချက်အလက်တွင် နောက်ဆုံးမှ ပါဝင်ခဲ့သည်။

ရုပ်ရည်ကို အလေးထားသည့် ကမ္ဘာတစ်ခုတွင် ဝမ်လင်းက အသွင်အပြင်ကို ဂရုမစိုက်ပေ။

သူက သူ့မျက်နှာကို အလှပြင်ခွဲစိတ်စရာမလိုဘဲ သူလိုချင်သည့် ပုံစံအတိုင်း ပုံဖော်နိုင်သည်။

ထို့ကြောင့် ရုပ်ရည်က သူ့အတွက် အရေးမကြီးပါပေ။

ငယ်ရွယ်စဥ်က အလွန်ချောမောနေသဖြင့် သူ့အတန်းဖော်တွေကြားတွင် နာမည်ကြီးခဲ့သည်။

ယင်းအတွက်ကြောင့် သူက ငယ်စဉ်ကတည်းကပင် မျက်နှာကို အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လူကြိုက်များသော အလှတရားစံနှုန်းများကို အခြေခံ၍ ပျမ်းမျှပုံစံနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူ့မျက်နှာကို ပြုပြင်ခဲ့သည်။

သူ၏ လက်ရှိ အသွင်အပြင်မှာ သာမန် ရုပ်ရည်အဆင့်ထက် အနည်းငယ် သာလွန်နေရုံသာ ပြင်ထားခြင်း ဖြစ်သည်။

ယင်းက သူ့အတွက် လုံလောက်သည်။

အင်မော်တယ်ထုန်ရာကို ဉာဏ်ရည်ထက်မြက်သူဟု  ပြောရသည့် အကြောင်းရင်းမှာ အခြေအနေ တစ်ခုကို မည်ကဲ့သို့ ဖတ်ရှုရမည်ကို အမှန်တကယ် သိသည်ဟု ဝမ်လင်းက ခံစားမိသောကြောင့် ဖြစ်သည်။

သူတို့က တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသော်လည်း အင်မော်တယ်ထုန်ရာက ဝမ်လင်း၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာ သိရှိထားပြီ ဖြစ်သည်။

လင်းကျန်းရန်က စကားပြောဆိုရတာမနှစ်သက်ကြောင်းသူသိခဲ့သည်။

ပြဿနာ တစ်ခုခု ရှိလျှင်ပင် ပါးစပ်ကနေ တိုက်ရိုက်ပြောလေ့မရှိချေ။

သူ၏ အသုံးအများဆုံး ဆက်သွယ်ရေး နည်းလမ်းမှာ စိတ်ချင်း ဆက်သွယ်၍ ပြောဆိုခြင်း ဖြစ်သည်။

သို့သော် ထိုနည်းလမ်းက တစ်ခါတစ်ရံတွင် အလွန်အဆင်မပြေ ဖြစ်နိုင်သည်ဟု ဆိုရမည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now