အပိုင်း(၂၀၂) ဗုံးပစ်စီနီယာအင်မော်တယ် စိတ်ရှုပ်ထွေးခြင်း

37 6 0
                                    

ဆယ်ရက်ကြာ အားထုတ်ပြီးနောက် ဝိညာဥ်​မြေဆီလွှာတွင် စိုက်ပျိုးထားသော သူဌေးထန်၏ ဟော်သွန်းမျိုးစေ့မှာ နောက်ဆုံးတွင် အညှောက်ပေါက်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ခါးထောက်ကာ ဟော်သွန်းအသီးအနှံကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

လွန်ခဲ့သော ဆယ်မိနစ်ခန့်က ပဲပိစပ်လောက်သာ ကြီးမားခဲ့သော်လည်း ယခုအခါတွင် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ဤအတိုင်းဆိုလျှင် ဟော်သွန်း အပင်၏ အသီးအနှံတွေက မကြာခင် ထွက်ရှိလာတော့မည် ဖြစ်၏။

မိန်းကလေးနွီဝါး ပေါ်လာမည်မှာ မသေချာသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဟော်သွန်းအပင် ပေါက်လာ၍ ကျေနပ်နေမိသည်။

"စီနီယာအင်မော်တယ်.. သူဌေးထန် ပြောတဲ့ မိန်းကလေး နွီဝါးက တကယ်ပဲ ပေါ်လာမှာလား"

အဖြူရောင်ဝတ်စုံဝတ် အမျိုးသား စုန့်ချင်းရှုက မေးလိုက်သည်။

"ငါဘယ်သိမှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အနည်းငယ် စိတ်မချမ်းသာသော အမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အများစုက ဤနည်းလမ်းကို အလုပ်ဖြစ်မည်ဟု မထင်ကြပေ။

ဝမ်လင်း ကိုယ်တိုင်ပင် အလွန်အမင်း ယုံကြည်ချက် မရှိသလို ခံစားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဤမျိုးစေ့က သူဌေးထန် နှစ်ပေါင်းများစွာသိမ်းဆည်းထားခဲ့သော အရာ ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ ဟော်သွန်းမျိုးစေ့ကို စိုက်ထားသ၍ မိန်းကလေးနွီဝါး အမှန်တကယ် ပေါ်လာမည်ဟုယုံကြည်မှု ရှိသည်။

ကျင့်ကြံသူ၏ နယ်ပယ်က ပိုအဆင့်မြင့်လေ၊ ပိုထက်မြက်လေ၊ ၎င်းတို့ကို အချစ်မရှိသည့် နတ်ဆိုးများအဖြစ် ရှုမြင်ကြလေ့ ရှိသည်။

ဝမ်လင်း၏ ထင်မြင်ယူဆချက်အရ အချစ်ဆိုသည်မှာ ကျင့်ကြံသူ၏ နှလုံးသားထဲမှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်၏။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now