အင်မော်တယ်ထုန်ရာက ဝမ်လင်းကို မြင်လိုက်ရပြီးနောက် စိတ်လွတ်မလိုပင် ဖြစ်သွားသည်။
သူ့တွင် ဓားပျံစီးရင်း ပြုတ်ကျတတ်သည့် အလေ့အထ မရှိ၍သာ ကံကောင်းသွားခဲ့သည်။
သို့မဟုတ်လျှင် အမှတ် ၆၀ အထက်တန်းကျောင်း၏ အရှေ့ဘက် ဂိတ်တံခါးတွင် ရှိသည့် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ကျောက်ရုပ်ထုကြီးမှာ လုံးဝ ပြိုကျသွားလိမ့်မည်သာ။
ထို့အပြင် အမှတ် ၆၀ အထက်တန်းကျောင်း တဝိုက်ရှိ ဒါဇင်နဲ့ ချီသည့် အချင်းဝက်အတွင်းမှာ ရှိသော အရာအားလုံးကလည်း တုန်ခါမှုဒဏ်ကို ခံခဲ့ရလိမ့်မည်။
ဆိုရလျှင် လေထဲမှ ပြုတ်ကျလာသည့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ရိုက်ခတ်မှုက ဤမျှ ကြောက်စရာကောင်းသည်။
သို့ရာတွင် အင်မော်တယ်ထုန်ရာက အထက်တန်းကျောင်း တစ်ခုတွင် ကျောင်းသား ဘဝ အတွေ့အကြုံရရန် ပညာသင်ကြားနေသော စီနီယာလင်း၏ သတင်းကို ပြန်အမှတ်ရမိသွားသည်။
စီနီယာလင်းက အဓိက အထက်တန်းကျောင်းများကို မရွေးချယ်ဘဲ သာမန် အထက်တန်းကျောင်းကိုသာ ရွေးချယ်ခဲ့သည်။
သူတို့လို သာမန်လူတွေက စီနီယာလင်း၏ အတွေးအခေါ်ကိုလိုက်မမီတော့ပေ။
ဤသည်က စီနီယာလင်း နှင့် သူ့ကြားက ကွာဟချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အင်မော်တယ် ထုန်ရာက သူ့နှလုံးသားထဲကနေ ရုတ်တရက် သက်ပြင်းချလိုက်သည်။
ကျောင်းအုပ်ကြီးချမ်းမှာ ကျောင်းအဆောက်အဦး၏ ပင်မဝင်ပေါက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။
အင်မော်တယ်ထုန်ရာ ရောက်လာသည်ကို မြင်လျှင် အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"အင်မော်တယ်ထုန်ရာ အဆင်ပြေရဲ့လား"
ကျောင်းအုပ်ကြီး ချမ်း၏ မေးခွန်းကို ကြားလျှင် အတွေးထဲ နစ်မြောနေသည့် အင်မော်တယ်ထုန်ရာက သတိပြန်ဝင်လာသည်။
ကျောင်းအုပ်ကြီးက သူ့ကို သံသယစိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလျှင် သူက ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။