အပိုင်း(၂၆၈) အမဲသားလုံးကို လက်တစ်ဖက်ထဲဖြင့် ညှစ်ချေလိုက်သလို

27 5 0
                                    

"သေခြင်းတရားကြေငြာချက်က ဘာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုနာမည်နှင့် အနည်းငယ် ရင်းနှီးသလို ခံစားခဲ့ရသည်။

"အဲဒါက ကီးဘုတ်လို ပုံသဏ္ဍာန်ရှိတဲ့ ခေတ်မီ မှော်ရတနာ အမျိုးအစားလို့ လူသိများပါတယ်"

'ဖက်တီးလော'က ထိုမှော်ရတနာ အကြောင်း ကြားဖူးပုံရသည်။

"အဲဒါက တစ်စုံတစ်ခုကို အဆက်မပြတ် ထုရိုက်နေရင်းနဲ့ မင်းရဲ့ဒေါသပမာဏကို အဆင့်မြှင့်နိုင်တယ်"

".............."

ဝမ်လင်းက ဤဇာတ်ကွက်ကို လှောင်ပြောင်ရန် ခွန်အား မရှိတော့ပေ။

​သို့သော် ဂိမ်း၏ဇာတ်ကွက်က မည်သို့ပင်ဖြစ်ပါစေ၊ ဂိမ်း၏ နတ်ဘုရားသခင်က သူ့သဘာဝအမှန်ကို မထုတ်ဖော်မီတွင်၊ အခြားတစ်ဖက်က ဂိမ်းကစားနည်းမျှသာ ရှိသေးသည့်အချိန်တွင် ဝမ်လင်းထံ၌ နတ်ဘုရားသခင်၏ မူလခန္ဓာကိုယ်ကို တိုက်ရိုက် ခြေရာခံရန် နည်းလမ်း မရှိပေ။

ထိုအချိန်တွင် သူက ဘလက်လေး၏ အကျိုးကျေးဇူးများကို ရုတ်တရက် တွေးလိုက်မိသည်။

[ဘလက်လေးသာ ဒီမှာ ရှိနေရင် ကောင်းမှာပဲ]

ဘလက်လေးသာရှိလျှင် သူတို့က နတ်ဘုရားသခင်ကို ဖမ်းရန် ဂိမ်းတွင်းနှင့် ဂိမ်းပြင် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

ယခု တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရားသခင် စိတ်မရှည်စွာဖြင့် သူ့ကိုယ်သူ သစ္စာဖောက်ရန် ဖြစ်သည်။

လဲ့မုန့်မုန့်က ညကြည့် ကင်မရာကို ကောက်ယူလိုက်သည်။

အခန်း ဒါမှမဟုတ် စင်္ကြံပဲ ဖြစ်ဖြစ် အရာအားလုံးက မှောင်မဲနေသည်။

လဲ့မုန့်မုန့်က ဝါရင့်ဂိမ်းသမား တစ်ယောက် ဖြစ်သော်လည်း သူ့အရေပြားပေါ်တွင် အေးစက်သော ချွေးစေးအနည်းငယ်က ကူကယ်ရာမဲ့စွာ ထွက်လာသည်။

"ဒီအခြေအနေက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"

"ညီနောင်လော.. မင်းတစ်ခုခုကို ခံစားမိလို့လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"အဲဒီလိုလည်း မဟုတ်ပါဘူး"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now