အပိုင်း(၂၇၈) ကံကြမ္မာ... ဖော်ပြခြင်းဌာ မစွမ်းသာအောင်ဆန်းကြယ်သည်

28 4 0
                                    

အင်မော်တယ်ထုန်ရာ သူ့ကို အကူအညီတောင်းပြီး သိပ်မကြာခင်မှာပင် ဝမ်လင်းက အခန်းအပြင်ဘက်ရှိ လေထုထဲမှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

ယင်းက ရဟတ်ယာဉ်တစ်စင်း ဆင်းသက်လာသည့် အသံဖြစ်သည်။

ရဟတ်ယာဥ်ပေါ်တွင် ဝမ်လင်းနှင့် ရင်းနှီးမှု သိပ်မရှိသော သင်္ကေတတစ်ခု ပါရှိသည်။

၎င်းက ကြယ်ခုနှစ်ပွင့် အထူးတပ်ဖွဲ့၏ ရဟတ်ယာဥ် ဖြစ်၏။

ထိုအချိန်က ကြယ်ခုနှစ်ပွင့် အထူးတပ်ဖွဲ့၏ အကြံပေးအဖြစ် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကို လှည့်စားခဲ့သည်။

"ရှင်သန်ခြင်းပြိုင်ပွဲ အပြီးမှာ ဗိုလ်ချုပ်ရီက ငါ့ကို ကြယ်ခုနစ်ပွင့် အထူးတပ်ဖွဲ့ရဲ့ အကြံပေးအဖြစ် ဖိတ်ခေါ်ခဲ့တယ်.. ဒီရာထူးက ဒီကနေ့မှာ အသုံးဝင်လာမယ်လို့ ငါတကယ် မထင်မိဘူး"

အင်မော်တယ်ထုန်ရာက ခြင်္သေ့ကို ရဟတ်ယာဉ်ဖြင့် ပြန်ပို့ရန် စဥ်းစားရင်း မျက်ခုံးကို ပင့်၍ ကောင်းကင်ကို ကြည့်လိုက်သည်။

"ဒါပေမယ့် ဒီရဟတ်ယာဉ်ကို ငှားပြီးရင် လောင်စာဆီဖိုးတော့ ပေးဆောင်ရပါသေးတယ်.. ဒီရဟတ်ယာဥ်က လောင်စာအဖြစ် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုရ​တာလေ.. တွက်ကြည့်ရင် တစ်မိနစ်ကို ယွမ် တစ်သန်းလောက် ကုန်ကျပါတယ်"

ထိုစကားကိုကြားပြီးနောက် ဝမ်လင်း၏ နှုတ်ခမ်းများက ရွဲ့စောင်းလုနီးပါး ဖြစ်သွားခဲ့သည်။

"..............."

ယင်းက "ငွေရှိလျှင် ဘာမဆိုလုပ်လို့ရသည် "ဟူသော စကားအတိုင်းပင် မဟုတ်လော။

.........................

အင်မော်တယ်ထုန်ရာက သူ့ခန္ဓာကိုယ်တွင် စွန်းထင်းနေသော သွေးများကို သန့်ရှင်းရေးလုပ်ရန် သန့်စင်ခြင်း မှော်အစီအရင်ကို အသုံးပြုလိုက်သည်။

"စီနီယာလင်း.. ဗုံးပစ်စီနီယာ အင်မော်တယ် မကြာခင် ရောက်လာတော့မယ်.. စီနီယာတို့တွေ စကားပြောရင်း ကျနော့်ကို ခဏစောင့်ပေးပါ"

ထို့နောက် သူက VIP ဧည့်ခန်းထဲရှိ အဝတ်လဲခန်း ဆီသို့ လျှောက်သွားခဲ့သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now