အပိုင်း(၂၁၈) မိစ္ဆာလည်း ချစ်သူအပေါ်သစ္စာရှိပါတယ်

37 5 0
                                    

နယ်မြေအားသာချက်ရှိသည့် တောင်တန်းပေါ်တွင် ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို ဌားရမ်းထားသော ကွာဖီက ပေါ်လာသည်။

ဤကမ္ဘာငယ်လေး၏ ကျယ်ပြန့်သော မြင်ကွင်းကို ငုံ့ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

"နောက်ဆုံးတော့ ငါ ဒီနေရာကို စိမ့်ဝင်နိုင်ခဲ့ပြီ.. ငါ့ရဲ့ မဟာအစီအစဉ်ကို အောင်မြင်ဖို့ ခြေတစ်လှမ်း ပိုမို နီးကပ်လာခဲ့ပြီ"

"သခင် မိစ္ဆာအင်ပါယာ.. ဒီရှင်သန်ခြင်းပြိုင်ပွဲကို အပြင်ကနေ စောင့်ကြည့်နေတဲ့အပြင် ကျောင်းသားတွေကို ကာကွယ်ဖို့ ဒီကမ္ဘာငယ်လေးထဲကို လူတစ်ရာကျော် ဝင်ရောက်လာပုံရတယ်.. ဒီအတိုင်းဆို ကျမတို့ အဆင်ပြေပါ့မလား"

ကျောက်သရဲမျက်နှာဖုံးထဲမှ ကျန်းလျှိုယွဲ့က သူမ၏ သံသယများကို ထုတ်ပြောခဲ့သည်။

"ဒီကမ္ဘာငယ်လေးထဲကို မဝင်ခင် ငါ့ကိုယ်ငါ ခရမ်းရောင်ရွှေဘူးသီးခြောက်ထဲက မြူခိုးတွေနဲ့ လွှမ်းခြုံထားတဲ့အတွက် အပြင်ကလူတွေ ငါ့ကို လုံးဝ တွေ့နိုင်မှာ မဟုတ်ဘူး.. ဒါ့အပြင် ဂျူနီယာတွေရဲ့ အော်ရာကြားထဲမှာ ငါ့ရဲ့ အော်ရာက ပျောက်ကွယ်နေတဲ့အတွက် ဘယ်သူကမှ သတိပြုမိမှာ မဟုတ်ဘူး"

မိစ္ဆာအင်ပါယာက အေးစက်စွာ ပြုံးလိုက်သည်။

"ဒါ့အပြင် ဒီတစ်ခါ ငါ့ရဲ့အကြံအစည်ကို ကောင်းကင်ဘုံကနေ ကောင်းချီးပေးနေတယ်လို့ ခံစားရတယ်.. ငါ့ရဲ့ တည်ရှိမှုကို ဒီကမ္ဘာငယ်လေးက ခံစားလို့ မရဘူးလေ.. သိပ်မကြာခင်မှာ ငါအရှင်သခင် ကိုယ်တိုင် ဒီကမ္ဘာငယ်လေးမှာ ရှိတဲ့ အသက်စွမ်းအင်တွေကို စုပ်ယူနိုင်တော့မယ်"

အစီအရင်အလံကို အသုံးပြု၍ ကမ္ဘာခြား ဂိတ်တံခါးကို ဖွင့်ရန် အတွက်မှာ အလွန်ကြီးမားသော ဝိညာဉ်စွမ်းအင်ရင်းမြစ်ကို ယူရမည် ဖြစ်သည်။

ထို့အပြင် အရိုးစုပေါ်ရှိ လူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက် ရှေးဟောင်းအစီအရင်ကို စတင်ရန် လိုအပ်သော အသက်ဓာတ်ကို စုပ်ယူဖို့ လိုအပ်သည်။

"ငါအရှင်သခင်မှာ ဝိညာဥ်စွမ်းအင် မလုံလောက်လို့ စိတ်ပူနေပေမဲ့ အခုက ပြဿနာ မဟုတ်သေးဘူး"

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now