အပိုင်း(၃၁၁) ငါတို့က အစကတည်းက ရေလိုက်လွဲနေတယ်

25 2 0
                                    

ထို့ကြောင့် အင်မော်တယ်စံအိမ်ကို သုတ်သင်ရှင်းလင်းခြင်းသတင်းသည် အစိုးရ သို့မဟုတ် ဒေသဆိုင်ရာ မီဒီယာများ၏ အဓိက ချန်နယ်အားလုံးတွင် ညနေခင်း ခေါင်းစီးပိုင်း သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။

၎င်း၏ သက်ရောက်မှုက မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးခြင်းထက် မနည်းပေ။

ဝမ်လင်းက ထိုသတင်းကို ကြည့်ရင်း သူတော်စင်သားရဲ ကိစ္စကို ဖုံးကွယ်ထားခဲ့သည်မှာ မှန်ကန်သောလုပ်ရပ်ဟု ကောက်ချက်ချလိုက်၏။

သို့မဟုတ်လျှင် သည်းသည်းလှုပ် ဖြစ်တတ်သော တိရစ္ဆာန်ချစ်သူ အုပ်စုများက ဤအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြလိမ့်မည်။

တိရိစ္ဆာန်များကို ချစ်သည်က မမှားပေ။

သို့သော် အကာအကွယ် လွန်ကဲစွာပေးခြင်းက တိရစ္ဆာန် အတွက်လည်း အနှောင့်အယှက် ဖြစ်နိုင်သေးသည် မဟုတ်လော။

သူတော်စင် သားရဲများသည် မူလက ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင် ပေါင်းစပ်ဖွဲ့စည်းမှုများဖြင့် ရှေးခေတ်မှစ၍ သွေးဆင့်ကဲ ပြောင်းလဲလာသော ခွန်အားကို မှီခိုအားထားခဲ့ကြသည်။

ခေတ်သစ်စကားအရဆိုလျှင် ထိုဖြစ်စဥ်ကို ဆင့်ကဲဖြစ်စဉ်နှင့် ဗီဇပြောင်းလဲခြင်းဟု ခေါ်၏။

တကယ်တမ်းတွင် ရှေးခေတ်က အစပြုခဲ့သော သူတော်စင် သားရဲများမှာ အများအပြား မရှိတော့ပေ။

ယခုအခါတွင် ၎င်းတို့မှာ လုံးဝ မျိုးတုန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

မထင်မှတ်ဘဲ ဝမ်လင်းတို့က ငွေရောင်ယူနီကွန်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

၎င်းကို လွှဲပေးလိုက်လျှင် ယူနီကွန်း၏ ဘဝမှာ အမှန်တကယ် သနားစရာ ကောင်းသွားလိမ့်မည်။

ဝမ်လင်း၏ အမြင်တွင် သူတော်စင် သားရဲများသည် "တိရစ္ဆာန်" အမျိုးအစားသာ ဖြစ်သည်။

အခြေအနေ အများစုတွင် "တိရစ္ဆာန်၏အလိုဆန္ဒ"ကို ပိုမိုထည့်သွင်း စဉ်းစားမှသာ မှန်ကန်ပေမည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now