အပိုင်း(၂၀၃) ဒီအမှိုက်ကောင်ကိုသတ်

36 6 0
                                    

ဟောသွန်းမျိုးစေ့ အပင်ပေါက်လာသော်လည်း မိန်းကလေးနွီဝါး ပေါ်မလာသေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် စုန့်ချင်းရှုတို့က ဝိညာဥ်၂၀နှင့် ပတ်သက်ပြီး အာမခံ တောင်းဆိုမှုများကို ဆွေးနွေးနေကြသည်။

ယင်းအချိန်မှာပင် အိမ်နောက်ဖေးရှိ ဥယျာဥ်သို့ လူစိမ်းနှစ်ယောက် ကျူးကျော်လာသည်ကို သိလိုက်ရသည်။

"ငါတို့ အခု ဘာလုပ်ကြမလဲ.. စီနီယာ အင်မော်တယ်"

စုန့်ချင်းရှုက လုံကျွင့်ကို အမြန်လဲဝတ်လိုက်ပြီး မေးလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အ​ဖြေချက်ချင်း ပြန်မပေးသေးဘဲ နောက်ဖေးဥယျဥ်တွင် တိုက်ခိုက်နေသည့် နှစ်ယောက်ကို အကဲခတ်လိုက်သည်။

ထိုနှစ်ယောက်၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ရင်သား အဆမတန် ကြီးသည့် တစ်ယောက်က အမျိုးသမီး ဖြစ်ကြောင်း သူရိပ်မိလိုက်သည်။

ထိုနှစ်ယောက်၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် အရိပ်နှစ်ခု ရောယှက်နေသည်ကိုသာ သူမြင်ခဲ့ရသည်။

"နှစ်ယောက်စလုံးက ပညာရှင်တွေပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကန့်လန့်ကာကို ဆွဲဖယ်ကာ ပြတင်းပေါက် အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အရာများကို  ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

"သူတို့နှစ်ယောက်လုံးက အရှိန်အဝါကို ကောင်းကောင်း ဖုံးကွယ်နိုင်တဲ့သူတွေပဲ.. တိုက်ပွဲဝင်နေတာတောင် အရှိန်အဝါကို ထိန်းသိမ်းနိုင်တယ် ဆိုတော့ တော်တန်ရုံ အဆင့်တော့ မဟုတ်ဘူး.. ဒီထက် ထူးခြားတာက သူတို့ရဲ့ တိုက်ခိုက်မှုကနေ ဘာအသံဗလံမှ မထွက်တာပဲ"

ထိုစကားကို ကြားလျှင် စုန့်ချင်းရှုက ထိတ်လန့်သွားသည်။

"ဒီလူတွေက ကောင်းကင်ဘုံစွမ်းရည်လို့ ညွှန်းဆိုကြတဲ့ အသံတိတ် တိုက်ပွဲဝင်စွမ်းရည်နဲ့ အရှိန်အဝါ ဖုံးကွယ်မှုစွမ်းရည်တွေကို ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲ"

ဤအရည်အချင်း နှစ်ခုမှာ ကျင့်ကြံရန် ခက်ခဲသော အရည်အချင်းမျိုး ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Tahanan ng mga kuwento. Tumuklas ngayon