အပိုင်း(၃၀၆) လင်းကျန်းရန်၏ မဟာစည်းတံဆိပ်ခတ် နှုတ်ခမ်း တာအို

25 2 0
                                    

မူလစိတ်ဝိညာဥ်နယ်ပယ် တစ်ခု တည်ဆောက်ခြင်းသည် အမှန်တကယ်တွင် ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်၏။

ထိုသို့လုပ်ဆောင်ရာတွင် အဓိကကျသည်မှာ ဝိညာဉ်စွမ်းအင် အရင်းအမြစ် ဖြစ်သည်။

ဤအရင်းအမြစ်ကို ရှုပ်ထွေးပြီး အကိုင်းအခက် လမ်းကြောင်းများစွာ ပေါက်ဖွားလာခဲ့သည့် သစ်ပင်၏ ပင်စည်ပမာ မှတ်ယူနိုင်ပေသည်။

ဝိညာဉ်စွမ်းအင် အရင်းအမြစ်အပြင် ပတ်ဝန်းကျင်ကို စံနမူနာပြုခြင်းသည်လည်း အရေးကြီးသော အရာတစ်ခု ဖြစ်သည်။

ဝမ်လင်းက တွက်ချက်မှုများကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။

သူက ငွေရောင် ယူနီကွန်း နှင့် ယခင် ထိပ်တိုက်တွေ့ဆုံမှု အပြင် စံအိမ်သခင်ချန်ယွီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဂရုတစိုက် ကြည့်ရှုခြင်းဖြင့် မူလစိတ်ဝိညာဥ်နယ်ပယ် ဖန်တီးရန်အတွက် ခက်ခဲသော အပိုင်းများကို သုံးမိနစ်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။

မူလစိတ်ဝိညာဉ်နယ်ပယ် တည်ဆောက်ခြင်းအတွက် လိုအပ်သည့် ဖော်မြူလာကို ပိုင်းခြားစိတ်ဖြာသည့် အပိုင်းတွင်လည်း မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့၏။

ချန်ယွီက စိတ်ပျက်အားငယ်စွာဖြင့် ဒူးထောက်ကျသွားသည်။

သူ့မျက်နှာက စာက္ကူစ တစ်ရွက်လို ဖြူဖျော့နေ၏။

အခြားသူ၏ မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း ပိတ်မိနေသောအခါတွင် သူက မည်သည့် တာအို မှော်အတတ်ကိုမှ အသုံးမပြုနိုင်ပေ။

သူ့တွင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖျက်ဆီးရန် အစွမ်းထက် မှော်ရတနာမရှိလျှင် လွတ်မြောက်ရန်လမ်း မရှိတော့ကြောင်း သူကောင်းစွာသိသည်။

ထို့အပြင် ဒဏ်ရာ အပြင်းအထန်ရထားသည့် သူ့ခန္ဓာကိုယ်နှင့် သူဘာလုပ်နိုင်ပါမည်နည်း။

"အင်မော်တယ် စံအိမ်သခင်.. မင်းမှာပြောစရာရှိသေးလား"

ချန်ယွီကို စိုက်ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"ငါ..."

ချန်ယွီက ထစ်ငေါ့နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now