ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သော်လည်း တောက်တိ၏ ကျင့်ကြံမှုက ယခင်ထက် အဆများစွာ ကျော်လွန်နေပြီ ဖြစ်သည်ကို လူသတ်ဆရာက ထင်ထင်ရှားရှား သိသွားခဲ့သည်။
သူသာ မညှာတာခဲ့လျှင် လူသတ်ဆရာ နှင့် ဓားပြမိစ္ဆာတို့မှာ နေရာမှာပင် ကိစ္စချောသွားနိုင်ပေသည်။
ယခု သူတို့ထံတွင် ပဟေဠိမေးခွန်းများ ကျန်ရစ်ခဲ့၏။
"ဘလက်ဂါ့ဇ်က ဘယ်သူလဲ"
"ဆရာ့ရဲ့ လျှို့ဝှက်လက်နက်က ဘာလဲ"
ဤမေးခွန်းနှစ်ခုကြောင့် လူသတ်ဆရာ နှင့် ဓားပြမိစ္ဆာတို့မှာ ပဟေဠိ ဖြစ်ခဲ့ကြသည်။
"သေချာတာတစ်ခုကတော့ ဒီဘလက်ဂါ့ဇ် ဆိုတဲ့လူက လူသတ်သမား အသိုင်းအဝန်း ထဲမှာ သေချာပေါက်မရှိဘူး.. ဆရာနဲ့ တာအိုဆရာ တောက်တိတို့ လမ်းခွဲပြီး လုပ်ကြံ သတ်ဖြတ်မှု အသိုင်းအဝိုင်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် နုတ်ထွက်သွားပြီးတဲ့နောက်မှာ နာမည်စာရင်းကို ငါဆက်ခံရရှိခဲ့တယ်.. နိုင်ငံတကာအဆင့် လူသတ်သမားစာရင်း စတင် သတ်မှတ်ချိန်က စပြီး ဘလက်ဂါ့ဇ် ဆိုတဲ့နာမည်နဲ့ ဘယ်သူမှ မရှိခဲ့ကြောင်း မှတ်တမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်"
လူသတ်ဆရာက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
"စီနီယာတောက်တိက ဆရာ့မှာ လျှို့ဝှက်လက်နက် ရှိတယ်လို့ပြောတယ်.. ငါတို့ ဆရာနောက်ကို လိုက်နေတာ ကြာပြီ.. ဆရာပြောတာ မင်းရော ကြားဖူးလား"
ဓားပြမိစ္ဆာက ခေါင်းခါယမ်းလိုက်သည်။
"သူပြောတာက ဆရာ့ရဲ့ မြေဖြူခဲတွေ ထည့်ထဲ မြေဖြူဘူးကိုပြောတာများလား"
လူသတ်ဆရာ "............."
......................
ဤနေ့က ထူးခြားသော စနေနေ့ ဖြစ်သည်။
ဝမ်လင်းက နံနက်ခင်းကို ချက်ဂရုတွင် ကုန်ဆုံးပြီး ရွှေကုံးဂိုဏ်း၏ အဖြစ်အပျက်ကို ဆွေးနွေးသည့် အွန်လိုင်းပို့စ်များကို ရှာဖွေပြီးနောက် မျက်လုံး အနည်းငယ် ညောင်းသွားသလို ခံစားလိုက်ရသည်။