အပိုင်း(၂၇၅) ဓားဝိညာဉ်နဲ့ဆက်ဆံရေးကို သင်ဘယ်လိုတိုးမြှင့်နိုင်မလဲ

27 3 0
                                    

ဓား၏ ဓားဝိညာဥ် နှင့် လူတစ်ဦး၏ ဆက်ဆံရေးကို တိုးမြှင့်ရန် နည်းလမ်းများစွာ ရှိသည်။

ယခင်က ကျင့်ကြံသူများသည် ဝိညာဥ် သားရဲများ နှင့် နတ်ဆိုးသားရဲများကို အမဲလိုက်သတ်ဖြတ်ရာတွင် ဝိညာဉ်ဓားများကိုသာ တတ်နိုင်သမျှ အသုံးပြုရန် ရွေးချယ်ခဲ့ကြသည်။

ဤနည်းလမ်းဖြင့် သတ္တဝါများကို သတ်ဖြတ်ခြင်းက ဓားဝိညာဥ် နှင့်ဆက်ဆံရေးကို တိုးတက်စေ၏။

ဤသည်မှာ အထိရောက်ဆုံး နှင့် အမြန်ဆုံးနည်းလမ်းဖြစ်သည်။

ယခုအခါတွင် နတ်ဆိုးသားရဲများက ကမ္ဘာခြား ဂိတ်တံခါး နောက်တွင် ရှိနေကြပြီး ဝိညာဥ်သားရဲများကမူ လူမျိုးစုများကို အကာအကွယ်ပေးသော တိရစ္ဆာန်များ ဖြစ်လာကြသည်။

ခေတ်သစ် ကျင့်ကြံသူများက ဓားဝိညာဥ်များနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်နည်းများကို တီထွင်ကြလေ့ ရှိသည်။

ဥပမာအားဖြင့် ဓမ္မရာဂျာက သူ၏ ဝိညာဥ်ဓားအား အလင်းလျှပ်စစ်ဖြင့် နှိပ်နယ်ပေးရန် အတွက် နတ်မိုးကြိုး အမွေအနှစ်ကို အများဆုံး အသုံးပြုလေ့ ရှိသည်။

အခြားဥပမာ အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်က အဖိုးဝမ် ဆီမှ ဘရိုကိုလီ လက်ခံရရှိပြီးချိန်ကစ၍ သူ၏ ဝိညာဥ်ဓားကို ဘရိုကိုလီ စိုက်ခင်းထဲတွင် ထားထားလေ့ရှိသည်။

၎င်းတို့နှင့် ဆန့်ကျင်ဘက်ပင် ဝမ်လင်း၏ လုပ်ဆောင်ချက်က အလွန် ရိုးရှင်းသည်။

ဝမ်လင်းအနေဖြင့် ကျင့်ခယ်ကို သူ့လက်ထဲတွင် ကိုင်ထားဖို့သာ လိုအပ်ခဲ့သည်။

ဤအရာကို "လက်ထဲတွင်ကိုင်ထား၍ ခိုင်မာသော ဆက်ဆံရေး ချဥ်းကပ်မှု"ဟု ဝမ်လင်းက ခေါ်ဆိုခဲ့သည်။

ဤအမည် အသံထွက်က ဆန်းပြားမှုမရှိဘဲ တောဆန်၏။

သို့သော် မည်မျှပင် ဆန်းပြားမှု မရှိစေကာမူ ဝမ်လင်းက "ရွှေရောင်ပေါင်းကူးတံတား" အမည်ထက်တော့ ပိုဆိုးသည်ဟု မထင်ခဲ့ပေ။

.......................

ဝမ်လင်းက ကျင့်ခယ် နှင့် ၎င်း၏ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် လစဥ်တစ်ရက်ကို သီးသန့် ဖယ်ထားလေ့ ရှိသော်လည်း ပုံမှန်အားဖြင့် အချိန် သိပ်ယူလေ့ မရှိချေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Where stories live. Discover now