အပိုင်း(၃၂၉) ခွေးချစ်သူများ၏ ပြင်းထန်သော ရှုံ့ချသံ

21 1 0
                                    

ဝမ်လင်းက လူသတ်ဆရာ လာရောက်ခြင်း အတွက် အံ့အားသင့်သွားသည်။

ဝမ်မိသားစု အိမ်ငယ်လေးကို အလည်လာဖူးသူတိုင်းတွင် ဤလူက အော်ရာကို အကောင်းဆုံး ထိန်းထားနိုင်သူပင်။

ယေဘုယျအားဖြင့် အိမ်အပြင်ဘက် အရှေ့ဟွမ်လမ်းတွင် ကျင့်ကြံသူများ ရှိနေသရွေ့ ဝမ်လင်းက ၎င်းတို့ကို ချက်ချင်းခံစားနိုင်မည် ဖြစ်သည်။

ဤကဲ့သို့ အော်ရာ ဖုံးကွယ်မှု စွမ်းရည်မျိုး လုပ်ဆောင်နိုင်သူမှာ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူနှစ်ဆယ်ထက် မပိုပေ။

ဤသည်မှာ လူသတ်သမားများ အတွက် မရှိမဖြစ် လိုအပ်သော နည်းစနစ်တစ်ခု ဖြစ်သည်။

အထူးသဖြင့် ဒဏ္ဍာရီလာ လူသတ်ဆရာအတွက် ဤနည်းစနစ်တွင် သူ၏ ကျွမ်းကျင်မှုက ပြီးပြည့်စုံမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"လင်းကျန်းရန် အခု အလုပ်များနေလား"

လူသတ်ဆရာက ဒုတိယထပ်ရှိ တောက်ပသော မီးရောင်များကို စိုက်ကြည့်ပြီးနောက် ထွင်ထျန်းဟာကို ကြည့်ကာ မေးလိုက်သည်။

ဝမ်လင်း ကဲ့သို့ပင် ထွင်ထျန်းဟာသည်လည်း ထိုလူ၏ ကိုယ်ပိုင် လက္ခဏာကို ခန့်မှန်းနိုင်ခဲ့သည်။

ဤကဲ့သို့ ခန္ဓာကိုယ် လှုပ်ရှားမှု အပြင် ပြောင်မြောက်သောအော်ရာ ဖုံးကွယ်မှု စွမ်းရည် နဲ့ ကောလာဟလ ထွက်နေသည့်ပန်းပွင့်ပုံ အောက်ခံဘောင်းဘီ စွဲလန်းမှု တို့နှင့် အတူ ဤလူက လူသတ်ဆရာ ဖြစ်ရမည်ဟု သိထားသော်လည်း ထွင်ထျန်းဟာကမူ အသွင်အပြင်ကို လက်မခံနိုင်သေးပေ။

ထိုလူက လူသား ကျင့်ကြံသူများကြားတွင် ဒဏ္ဍာရီလာ လူသတ်ဆရာ ဖြစ်ခဲ့သော်ငြားလည်း ပန်းပွင်ပုံ ဒီဇိုင်းကွက် အတွင်းခံဘောင်းဘီနှင့် ညှပ်ဖိနပ်များကို ဝတ်ဆင်ခဲ့၏။

ထိုလူက အစားအသောက် ဈေးတန်း၏ တံခါးဝတွင် အီကြာကွေး ရောင်းသော အဖိုးအိုနှင့် တူနေသည်။

သူ့ပုံစံက အလွန်ထူးခြားနေ၏။

ထွင်ထျန်းဟာက သူ့ရှေ့မှလူကို ကြည့်ကာ စိတ်မဝင်စားတော့ဘဲ ပြန်လှဲနေလိုက်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝ Waar verhalen tot leven komen. Ontdek het nu