My Introduction

2.3K 126 4
                                        

Unicode

ဇာတ်လမ်းရဲ့ အဓိကက Psychology နဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဟေးရာဖတ်‌နေဆဲတော့ သွေးထွက်သံယိုလေး မများတများတော့ ပါပါတယ်။ ဒါကြောင့် (18)နှစ်မပြည့်သေးတဲ့ ကလေးလေးတွေဆို မဖတ်တာကောင်းပါတယ်။ Romance ကတော့ Horror/Mystery ဦးစားပေးမို့နည်းပါတယ်။ Hate to love ပုံစံမို့ Slow Romance လို့တော့ပြောလို့ရမယ်ထင်ပါတယ်။

ကိုယ်ပြန်ရေးတဲ့ထဲမှာ Characters နာမည်အခေါ်အဝေါ်လေးတွေ ကွာနေတာရှိကောင်းရှိနိုင်တာမို့ မှားနေရင်လည်း ကိုယ့်ကိုလာပြောလို့ရပါတယ်။ ပြီးတော့ လီရှန်းဇာတ်ကြောင်းပြောနေချိန် သုံးထားတဲ့ စကားလုံး(You)က စာဖတ်သူတွေကို ရည်ညွှန်းတာမို့ (ရှင်/ရှင်တို့)လို့ပဲထည့်ရေးလိုက်တယ်နော့။

Open-Ending ဖြစ်ပြီး စာဖတ်သူလေးတွေ နှစ်သက်သဘောကျလောက်မယ့် Novel တစ်ခုဖြစ်မယ်လို့ ကိုယ် မျှော်လင့်ပါတယ်။♥️

စာလုံးပေါင်းသတ်ပုံအမှားပါပြီး စာထောက်နေတာရှိခဲ့ရင် အားနာပါတယ် သည်းခံထောက်ပြပေးပါဦးနော့😁

_____

*စိတ်ကွဲရောဂါအကြောင်း*

-စိတ်ကွဲရောဂါဆိုတာက ကိုရီးယားကားဖြစ်တဲ့ Hyde, Jekyll, Me နဲ့ Kill me heal me ရယ် Bad and crazy ဇာတ်ကားထဲက မင်းသားတွေလိုမျိုး လူတစ်ယောက်မှာ စိတ်ကွဲ (personality) ကိုယ်ရည်ကိုယ်သွေး တွေ ထပ်ရှိနေတဲ့ရောဂါပါ။

-နည်းနည်း အသေးစိတ်ထပ် ဥပမာပေးရရင် နှင်းဆီဆိုတဲ့ကောင်မလေးက နေ့ဘက်မှာ ပုံမှန်ဆို အနေအေးပြီး အိမ်တွင်းအောင်းတဲ့ ကောင်မလေးပေါ့။ ဒါပေမဲ့ ညဘက်ရောက်ရင် နှင်းဆီကနေ (စံပယ်)ဆိုတဲ့ လုပ်ချင်ရာလုပ်တတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေးရဲ့ စိတ်ပြောင်းသွားတာပါ။

-နှင်းဆီကနေ (စံပယ်)အဖြစ်ပြောင်းသွားတဲ့ အဖြစ်ကို နှင်းဆီကိုယ်တိုင်သတိမထားမိပါဘူး။ (စံပယ်)ကလည်း နေ့ဘက်ရောက်လို့ နှင်းဆီပြန်ပြောင်းသွားတာကို သတိမထားမိပါဘူး။ နှင်းစီနဲ့ (စံပယ်)ရဲ့ ဝါသနာ အကျင့်စရိုက် စားတာသောက်တာ အားလုံးလည်းမတူတာမျိုးပါ။ တချို့ဆိုစိတ်ကွဲတွေက လူမျိုးစုံရှိပါတယ် ကလေး စိတ်ကွဲ၊ ယောက်ျား စိတ်ကွဲ၊ မိန်းမစိတ်ကွဲ စသဖြင့်ပေါ့။ အဲလို ခန္ဓာကိုယ်တစ်ခုထဲမှာ စိတ်ကွဲစရိုက်ကွဲရှိနေတာကိုပြောချင်တာပါ။ တချို့ဆို အမျိုးကွဲ ရာချီ ထောင်ချီရှိပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Hikayelerin yaşadığı yer. Şimdi keşfedin