အခန်း-(၁၀၁) ကန်းကျမ်းမော့ရွှယ်

126 27 0
                                        

Zawgyi


ဒီလိုရင်းနှီးမှုမျိုးက ကျွန်မအတွက် တစ်မျိုးဖြစ်လာတာကြောင့် စိတ်မသက်မသာနဲ့ နည်းနည်းနောက်ဆုတ်လိုက်မိတယ်။

ဒီတော့ ကောင်းချင်းကျုံယဲ့ရဲ့အမူအရာက မည်းမှောင်သွားပါတယ်။

ကျွန်မလည်း ဘာပြောရမှန်းမသိတာနဲ့ ခဏလောက်တွေးပြီး ခေါင်းစဉ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။

"ဟုတ်သားပဲ...ကြာပွတ်နဲ့ ပတ်သက်ပြီး ရှင့်ကို နည်းနည်းလောက် မေးချင်တယ်"

"မေး.."

ကောင်းချင်းကျုံယဲ့က သူ့အိတ်ကပ်ထဲကို လက်ပြန်ထည့်ရင်း ပြောလာတယ်။

"ကျွန်မကို ကြာပွတ်ပေးခဲ့တဲ့သူက ကျုံးအမ်းလို့ခေါ်တယ် သူက အနောက်ဘက်ခရိုင်မှာရှိတဲ့ လက်နက်အရောင်းဆိုင်ပိုင်ရှင်ပဲ သူ့မိန်းမ အားဝမ်က ဒီစမ်းသပ်မှုကြောင့်ပဲ သေဆုံးသွားခဲ့ရတာ ပြောရရင် ယုံချီလက်ချက်ကြောင့် အားဝမ်ကထိခိုက်နစ်နာခဲ့ရတဲ့သူပဲ"

ကောင်းချင်းကျုံယဲ့ရဲ့အကြည့်က ခဏတော့ အေးစက်သွားတယ်။

"ဟုတ်တယ်လေ...ငါအဲ့ဒါကိုသိတယ် စုံလည်း စုံစမ်းခဲ့တယ်"

"အားဝမ်နဲ့ ရှင်က သူငယ်ချင်းဟောင်းတွေ ဖြစ်ပုံရတယ် ဒါနဲ့များ ယုံချီကိုတွေ့တုန်းက အားဝမ်အတွက် ရှင်ဘာလို့ လက်စားမချေခဲ့တာလဲ"

သူကကျွန်မကို လေးလေးနက်နက်စိုက်ကြည့်လာတယ်။

"လက်စားချေရမယ်ဟုတ်လား...သေပြီးသားလူတွေဆိုတာ ပြန်ရှင်လာနိုင်တာမှ မဟုတ်တော့တာ...ပြီးတော့ ကိစ္စတွေက မင်းထင်နေသလို မရိုးရှင်းဘူး"

"ဒါဖြင့် ဘယ်ဟာက ရှုပ်ထွေးနေတာလဲ ရှင်ကလေ စူလော်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးတဲ့အရာတွေကိုပဲ ဂရုစိုက်တတ်တာလား တခြားဟာတွေက ရှင့်အတွက်အရေးမကြီးတော့ဘူးလား"

ကောင်းချင်းကျုံယဲ့က ခပ်ထေ့ထေ့ပြုံးပြလာတယ်။

"ငါ့ကိုများ မင်းလိုမျိုး အခြေနေတိုင်းပေါ် လိုက်ခံစားနေတဲ့သူလို့ထင်နေတာလား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now