အခန်း-(၉၀) ယုံချီနှင့်ပြန်တွေ့ခြင်း

138 28 0
                                        

Zawgyi

အခန်း-(၉၀) ယုံချီနှင့်န်ြတွေ့ငြ်း

ဗုန်း....!

ကျွန်မ လက်တစ်ဖက်တည်းနဲ့ ရိုက်ချလိုက်ရုံနဲ့ ခရမ်းရောင်အလင်းဓားသွားတွေက သစ်ပင်ကိုပြိုကျစေတာကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတယ်။

"ဒီလိုရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးမှ ဒီလောက်လေးပဲ တိုးတက်လာတယ်ဆို‌တော့ မင်းက တကယ့်ဝက်တစ်ကောင်ပဲ" 

နျွယ့်ကျွမ်းရဲ့ ပျင်းရိပျင်းတွဲအသံက ကျွန်မနောက်က ထွက်လာပါတယ်။

ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တော့ တလိုင်နဲ့ အတူတစ်ကိုယ်တော်လေ့ကျင့်ရေးကနေ ပြန်လာတဲ့ နျွယ့်ကျွမ်းကို မြင်လိုက်ရတယ်။

တလိုင်က နျွယ့်ကျွမ်းရဲ့ ပခုံးတစ်ဖက်ပေါ် လက်တင်ထားရင်းကနေ တည်တည်ငြိမ်ငြိမ် ပြုံးနေပါတယ်။

"တိုးတက်မှုတွေ ရှိနေသရွေ့တော့ သတင်းကောင်းပါပဲ...ဆိုလိုတာက မင်းရဲ့ ကြိုးစားအားထုတ်မှုက အလကားမဖြစ်တဲ့အပြင် နောက်ဆုံးတော့ မင်းရဲ့ MF ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိလာမှာပဲ မဟုတ်လား"

"ဟုတ်သားပဲ...တလိုင်...ကျွန်မ  တစ်ခုခုကို သတိရလာပြီ အဲ့တာက  ကျောက်Sနဲ့ ကောင်းချင်းကျုံယဲ့တို့ လေစီးဆင်းမှုကိုထိန်းချုပ်နေတာ ကျွန်မ မြင်ခဲ့တုန်းက သူတို့တွေကလည်း တိကျတဲ့ MF ထိန်းချုပ်မှုကိုပဲသုံးခဲ့ကြတာလား"

တလိုင် ခေါင်းယမ်းပြပါတယ်။

"မဟုတ်ဘူး...အဲ့လို သဘာဝဒြပ်စင်တွေပါဝင်တဲ့ စွမ်းရည်ကျတော့ MF ကို ပိုပြီး စေ့စေ့စပ်စပ် ထိန်းချုပ်ဖို့လိုအပ်ပြီး အဲ့ဒါအပြင် သဘာဝဒြပ်စင်တွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အာရုံခံစားနိုင်စွမ်းလည်းရှိမှရမယ် ခွဲထုတ်သင်္ကေတကို သော့မဖွင့်ထားတဲ့လူအတွက်ဆို အဲ့လို အာရုံခံနိုင်ဖို့က တော်တော် ခက်ခဲတဲ့ လုပ်ဆောင်ချက်တစ်ခုပဲ-

ဒီတော့ မင်းအခုလုပ်ရမှာက MF အပေါ်မှာ မင်းရဲ့ထိန်းချုပ်မှုကို အားကောင်းအောင်လုပ်ပြီး အဲ့ဒါကို မင်းလက်ထဲက ကြာပွတ်နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် လုံလောက်ပါပြီ...ကြာပွတ်က သက်ရှိလက်နက်ဖြစ်လို့ လူတစ်ယောက်ကို ကူညီပေးနေတယ်လို့ မင်းသဘောထားပြီး ဂရုတစိုက်ဆက်ဆံနိုင်မယ်ဆိုရင် သူ့ရဲ့စွမ်းရည်တွေကို မင်းနောက်ဆုံးမှာ နားလည်လာမှာပါ"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now