အခန်း-(၁) ရှင်သေချင်ရင် စတိုင်နဲ့သေပါ

2K 134 4
                                        

Volume 1_Unicode

အခန်း-(၁) ရှင်သေချင်ရင်တိုင်နဲ့သေပါ

ကျွန်မနာမည် လီရှန်း။ ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ နှစ်ဆယ့်သုံးနှစ်ရှိပါပြီ။ ကျွန်မသေဆုံးခဲ့တာလည်း တစ်နှစ်နဲ့ ဆယ့်သုံးရက်ရှိခဲ့ပါပြီ။ ဟုတ်ပါတယ် ရှင်တို့တွေမှားဖတ်မိတာမဟုတ်ပါဘူး။ ကျွန်မသေဆုံးခဲ့ပြီးတာ တစ်နှစ်ကျော်ခဲ့ပြီဆိုတာကိုပြောပြနေတာပါ။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကျွန်မဟာ စိတ်ရောဂါကုဆေးရုံမှာ ကုသနေရတဲ့ သာမန်စိတ်ရောဂါဝေဒနာရှင်တစ်‌ယောက်ပါ။ တစ်နှစ်ကြာပြီးတဲ့နောက် ဒီနေ့မှာတော့ မီးခိုးရောင်အုံ့မှိုင်းနေတဲ့ ကောင်းကင်အောက်မှာ ထူးဆန်းပြီးနားမလည်နိုင်တဲ့ အမူအရာနဲ့ ကျွန်မရပ်နေမိတယ်။

ကျွန်မကို သွေးဆာနေတဲ့ စုန်းမလို့ခေါ်မယ်ဆိုရင်လည်း လွန်မယ်မထင်ပါဘူး။ ယောက်ျားလေးတွေ ကြိုက်ကြတဲ့ အွန်လိုင်းဂိမ်းထဲက ဆက်ဆီကျကျဆွဲဆောင်မှုရှိတဲ့ နတ်ဆိုးမလေးတွေလိုမျိုး ကြမ်းပြင်တစ်လျှောက်ဝဲကျနေတဲ့ သွေးနီရောင် ဝတ်စုံနဲ့ ကျွန်မပုံရိပ်က လုံးဝပြီးပြည့်စုံနေပါတယ်။ ကျွန်မလျှောက်လှမ်းလိုက်တိုင်း စကတ်ရှည်က ကျွန်မခြေကျင်းဝတ်တွေနား ဝဲကျလာပြီး အနီရောင်အနားသတ်ဖဲစတွေက ကျွန်မရွေ့လျားတဲ့လမ်းတိုင်းမှာ ယိမ်းနွဲ့နေပါတယ်။ ကျွန်မခြေထောက်မှာ တစ်ဆယ် စင်တီမီတာရှိတဲ့ အနီရောင် ဒေါက်မြင့်ဖိနပ်တစ်ရံ စီးထားပေမဲ့လည်း ညကောင်းကင်အောက်မှာတော့ သက်သောင့်သက်သာနဲ့ ပြေးလွှားနေနိုင်ခဲ့တယ်။ ကျွန်မရဲ့လှိုင်းတွန့်တွန့် အနီရောင်ဆံပင်ရှည်တွေက ကျွန်မနောက်ကျောဘက်မှာ လေမတိုက်ဘဲနဲ့ လွန့်လူးနေကြတယ်။

ဒီလိုညတွေမှာဆိုရင် ကျွန်မက အထိန်းအချုပ်မဲ့နေတဲ့ ကျားသစ်တစ်ကောင်လိုပဲ လမ်းမပေါ် မကြာခဏ လျှောက်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံ ကျွန်မ အရှိန်ပြင်းပြင်းနဲ့ ပြေးတဲ့အခါဆိုရင် ရှင်တို့အားလုံးမြင်နိုင်မှာက လျှပ်တစ်ပြက်အနီရောင် ရောင်စဉ်တန်း‌တွေပဲဖြစ်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now