အခန်း-(၁၀၆) နှလုံးသားက တကယ်လိုချင်တဲ့အရာ

140 25 3
                                        

Zawgyi


"ကျွန်မက ဘယ်​သူနဲ့ထပ်​ချစ်​မိသွားရမှာလဲ" 

ကျွန်မ တော်တော် ထိတ်လန့်လာလို့ ပြန်မေးမိတယ်။

နျွယ့်ကျွမ်းက မျက်ဝန်းထဲမှာ မီးတောက်တွေ ပြည့်လာတဲ့အကြည့်နဲ့ ကျွန်မကို စိုက်ကြည့်နေတုန်းပါ။

"မင်း ကောင်းချင်းကျုံယဲ့ကို ကောင်းချီနဲ့ မှားခဲ့ပြီးပြီ မဟုတ်လား...ပြောရရင် သူ့အပေါ် မင်းခံစားချက်တွေ တိုးလာပြန်ပြီမလား"

ကျွန်မစိတ်တွေ လုံးဝ ဗလာနတ္ထိဖြစ်သွားတယ်။

သူဘာလို့...ဘာလို့အဲ့လိုပြောလာတာလဲ?

ကျွန်မ တုံ့ဆိုင်းနေတာမြင်တော့ သူက ကျွန်မကို သူ့နားထပ်နီးကပ်အောင်ဆွဲသွင်းလိုက်တယ်!

အေးစက်နေတဲ့ သူ့နှုတ်ခမ်းနဲ့ထိတွေ့မိတဲ့ချိန်မှာ ကျွန်မ လုံးဝကို မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားမိတယ်။

သူ့မျက်လုံးအရောင်က နေရောင်ကင်းင်တဲ့ မီးခိုးရောင် တိမ်ရောင်လေးတွေလိုပါလားနော်!

နေပါဦး...မဟုတ်သေးပါဘူး! ကျွန်မခုချိန်ဘာတွေ လိုက်ဉ်းစားတောလဲ?

သူ့လျှာဖျားလေးက ကျွန်မနှုတ်ခမ်းတွေကို ခပ်ဖွဖွ တိုးဖွင့်လာတော့မှာမို့ ကျွန်မ သူ့ကို အမြန် တွန်းထုတ်ပစ်လိုက်တယ်။

"ရှင်...ရှင် ဘာလုပ်နေတယ်ထင်လဲ"

ကျွန်မ သူ့ကိုကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်လာတယ်။သူ့ဆံပင်တွေက နဖူးပေါ် ဝဲကျနေတာကြောင့် သူ့မျက်ဝန်းထဲက မီးတောက်တွေကို ပိတ်ဆို့နေပါတယ်။

"ငါမေးတာပဲဖြေ....မင်း ကောင်းချင်းကျုံယဲ့ကို ချစ်မိသွားပြီလား" 

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now