အခန်း-(၃၃) ဥမင်လိုဏ်ခေါင်း

181 34 1
                                        

Zawgyi


ကောင်းချင်းကျုံယဲ့စကားကြောင့် ကျွန်မ ဆွံ့အသွားတယ်။

နျွယ့်ကျွမ်းကိုက ပေါ်ပြူလာဖြစ်လွန်းနေတာများလား?

ပြောရရင် ကျွန်မတို့ စစတွေ့တုန်းက ကျွန်မဖြင့် ကောင်းချင်းကျုံယဲ့ကို မျက်လုံးကျွတ်မတတ်စိုက်ကြည့်ခဲ့တာတောင် သူကျွန်မကို သတိမထားမိခဲ့ပါဘူး။‌အထူးသဖြင့် ကျွန်မက အနောက်ဘက်ခရိုင်မှူးဖြစ်နေတာတောင်မှ သူကျွန်မကို လုံးဝမသိခဲ့တာပါ။ဒါပေမဲ့ နျွယ့်ကျွမ်းကိုကျ သူက မှတ်မိနေခဲ့တာတဲ့လား?

အဲ့တာက ကျွန်မကို တကယ်‌ စိတ်တိုလာစေတယ်နော်။

ကျွန်မ နျွယ့်ကျွမ်းကို မျက်စောင်းထိုးပစ်လိုက်တယ်။ချီးထုပ်ပဲ...သူ့စီမှာစွဲကပ်နေတဲ့ နတ်ဆိုးကောင်က တကယ့်ကို ကျွန်မထက်ပို နာမည်ကြီးနေတာပဲ။

ကျွန်မတွေးနေတုန်း ကောင်းချင်းကျုံယဲ့က ကျွန်မတို့ပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်နေပါတယ်။

"ဒီသစ်ပင်တွေကိုစိုက်တဲ့သူကလည်း အနီးအနားမှာရှိနေမှာပဲ ပြောရရင် ငါကလူရှာတဲ့နေရာမှာ အတော်ဆုံးမဟုတ်သလို ဒီသစ်ပင်တွေကိုလည်း စူလော်စိုက်ထားတယ်ဆိုပြီး မင်းတို့တွေအထင်လွဲမခံနိုင်တာကြောင့် ဒီသစ်ပင်တွေနဲ့ပတ်သက်ပြီး မင်းတို့နဲ့အတူ ငါပါလိုက်စုံစမ်းမယ်"

ကျွန်မ သူ့ကိုချက်ချင်းစိုက်ကြည့်ပြီး ပြန်ပြောလိုက်တယ်။

"ကျွန်မတို့က ဘာလို့ရှင့်ကိုယုံရမှာလဲ"

ကောင်းချင်းကျုံယဲ့က ကျွန်မကို မှော်ဆန်ဆန်အပြုံးပြုံးပြလာတယ်။သူ့အပြုံးကြောင့် ကျွန်မနှလုံးသားတကယ်ပဲ နွေးထွေးလာရပြန်တယ်။

သူကတော့ ပြုံးနေရင်းနဲ့ ဆက်ပြောလာပါတယ်။

"ဒါဖြင့် မင်းမှာတစ်ခြားအစီအစဉ်ရှိလို့လား ပြီးတော့ စောစောက မင်းပြောခဲ့သလို ကလေးတွေက အဲ့ချောက်ထဲရှိနေမယ်ဆိုရင် ငါ့အကူအညီနဲ့လည်း ကယ်ပေးလို့ရတာပဲ ပြောရရင် တောင်ဘက်ခရိုင် နယ်စပ်သစ်ပင်တွေကြောင့် မင်းတို့မှ မဟုတ်ဘူး တစ်ခြားဘယ်သူ့ကိုမှငါ ပြဿနာမဖြစ်စေချင်ဘူး"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now