အခန်း -(၂၇) သွေးအေးရက်စက်ခြင်းလား

182 34 0
                                        

Unicode

ရင်းနှီးတယ်လို့ ထင်ရပေမဲ့ မရင်းနှီးခဲ့တဲ့ မျက်နှာတစ်ခုက ကျွန်မရှေ့မှာပေါ်လာတာမြင်ရတော့ ကျွန်မအသက်တောင် ကောင်းကောင်းမရှူနိုင်တော့ပါဘူး။

ကျွန်မကို မသိတဲ့ ကောင်းချင်းကျုံယဲ့ဆိုတဲ့လူက ကျွန်မရှေ့မှာပေါ်လာခဲ့တာပါ။သူက အနီးနားက သစ်ကိုင်းတစ်ခုပေါ်မှာ လက်ပိုက်ထိုင်နေရင်းနဲ့ ကျွန်မကို စူးစူးဝါးဝါးစိုက်ကြည့်နေပါတယ်။သူ့ပုံစံက အရင်တစ်ခါမြင်ခဲ့သလိုပါပဲ။အဖြူရောင် ဟူဒီ ၊ အနက်ရောင် ဂျင်းဘောင်းဘီနဲ့ အဝါတောက်တောက် စနိကာ ဖိနပ်ကိုပဲစီးထားတာပါ။

ကျွန်မနှုတ်ခမ်းတွေ ပွင့်ဟလာပေမဲ့ ဘာပြောရမှန်းမသိပါဘူး။

အရင်တစ်ခါတုန်းက သူ့ကို အနီးကပ်ရှင်းရှင်းလင်းလင်း မကြည့်နိုင်ခဲ့တာကြောင့် ခုတစ်ခါတော့ ကျွန်မသေချာစိုက်ကြည့်နေမိတယ်။သူ့ပုံစံက ပြောင်းလဲမှုမရှိပါဘူး။အရင်တိုင်းနေရောင်လို နွေးထွေးနေတဲ့ပုံပါ။တစ်ခုတည်းသော ခြားနားချက်က အရင်က ရေလိုကြည်လင်နေတဲ့ သူ့မျက်ဝန်းတွေက ခုတစ်ခါမှာတော့ နားလည်ရခက်တဲ့ ဒေါသ အငွေ့အသက်တွေပါနေတာပါ။ပြီးတော့ ရက်စက်တဲ့ အငွေ့အသက်တွေပါနေတဲ့ အဲ့လိုမျက်ဝန်းကို ကျွန်မအရင်က တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။

ပြောရရင် သူက ကောင်းချီမှမဟုတ်တာ။

အဲ့လိုတွေ တွေးမိသွားပြန်တော့ ကျွန်မရင်ထဲ ဝမ်းနည်းနာကျင်လာပြန်တယ်။

"ဟေး...မင်းငါ့ကို အဲ့လိုပဲ စိုက်ကြည့်နေတော့မှာလား မဟုတ်မှလွဲရော ငါ့ကိုကြွေသွား‌တာလား"

စိတ်ရှုပ်စရာကောင်းပေမဲ့ သူ့ရဲ့ စွဲဆောင်မှုရှိတဲ့ အသံက ကျွန်မနားထဲ သံမှိုလိုစွဲလာပြန်တယ်။နွေး‌ထွေးမှုမရှိတဲ့ အသံဖြစ်နေတာတောင် ကျွန်မနားထဲ တော်တော်ကြာတဲ့ထိ ပဲ့တင်ထပ်ကြားနေမိတယ်။

ကျွန်မ မျက်နှာအမူအရာက သူ့အပေါ်ကြွေကျနေတဲ့ပုံပေါ်နေတယ်ဆိုတာ ကျွန်မသိပါတယ်။အဲ့လိုမပေါ်အောင် ထိန်းချုပ်ချင်ပေမဲ့ ထိန်းချုပ်လို့မရပါဘူး။ကျွန်မ အသက်ရှင်နေတုန်းက သူ့ရဲ့ဆွဲဆောင်မှုအောက်က ရုန်းမထွက်နိုင်ခဲ့သလို အခုလည်း ရုန်းမထွက်နိုင်ဖြစ်နေမိတယ်။ပြောရရင် အရာရာတိုင်းထက် သူ့အသံကိုပဲ ကျွန်မသဘောအကျဆုံးဖြစ်ခဲ့လို့ပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now