အခန်း-(၁၀၉) ရှောင်လွှဲလို့မရတဲ့နှောင်ကြိုးများ

112 24 0
                                        

Zawgyi

အခန်း-(၁၀၉) ရှောင်လွှဲလို့မတဲ့နှောင်ကြိုးများ

နောက်ဆုံးမှာတော့ 13 လွှာမှာရှိတဲ့ ကျွန်မ ရင်းနှီးရတဲ့အခန်းလေးဆီ ပြန်သွားပြီးအနားယူနိုင်ခဲ့တယ်။

ရေနွေးနဲ့ ရေချိုးပြီးတာနဲ့ ကျွန်မ အိပ်ယာပေါ်မှာ လှဲအိပ်လိုက်တယ်။

နျွယ့်ကျွမ်းကတော့ ထုံးစံအတိုင်း နံရံကို မှီရင်း ပျင်းရိပျင်းတွဲနဲ့ အိပ်ငိုက်နေပုံရတယ်။

ဒီတော့ ကျွန်မ သမ်းဝေရင်း အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ်။

အဲ့ချိန် သူ့အသံက ကျွန်မဘေးနားရောက်လာတယ်။

"ငါ့မှာမေးစရာရှိတယ်"

"မေးလေ"

ပင်ပန်းနွမ်းနယ်နေတဲ့ နှာသံနဲ့စင်းကျနေတဲ့ မျက်လုံးတွေကို မှိတ်ထားရင်း ကျွန်မပြန်ပြောလိုက်တယ်။

"မင်းက သူတို့အားလုံးကို တော်လှန်ပုန်ကန်ဖို့ရာစည်းရုံးပြီး တားမြစ်ဇုန် ဆယ့်သုံးကနေ ထွက်သွားချင်အောင် လုပ်နိုင်ခဲ့တယ်ဆိုတော့ မင်းကော ဘယ်လိုလဲ...ပြန်ဖို့ဆုံးဖြတ်ပြီးပြီလား"

နျွယ့်ကျွမ်းရဲ့အသံက စွဲမက်ဖွယ်ကောင်းနေပါတယ်။ကျွန်မ မျက်လုံးဖွင့်လိုက်တဲ့အခါကျ ကောင်းကင်က ချက်ချင်းပဲ မှောင်မိုက်သွားတယ်။  ထပ်ပြီး ညဘက်ရောက်လာပြီပဲ။

ကျွန်မ သူ့ကိုချက်ချင်းပြန်ဖြေပေး နိုင်တဲ့ဟာကို ဘာလို့တုံ့ဆိုင်းသွားတာလဲ။ကျွန်မ ပြန်သွားချင်ခဲ့တယ် ဒီမှာရှိတဲ့လူတိုင်းလည်း ပြန်သွားနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ အဲ့ဒီနေ့ရောက်လာရင် ကျွန်မပြန်သွားဖို့ တကယ်ပဲ ရွေးချယ်မှာလား။

"မင်းကိုမင်း အနစ်နာခံဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား လီရှန်း"

နျွယ့်ကျွမ်းက ကျွန်မဘေးနားလာထိုင်ရင်း ကျွန်မကိုကြည့်ပြီးပြောလာတယ်။

ကျွန်မ ဆွံ့အသွားခဲ့တယ်။

အနစ်နာခံဖို့တဲ့လား?

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now