အခန်း-(၁၅၀) လှည့်ပတ်နေတဲ့ တော

119 19 0
                                        

Zawgyi

အခန်း-(၁၅၀) လှည့်တ်တေဲ့တာ

"ငါတို့မလိုက်ရင် သူတို့သုံးယောက်ကို မင်းဘယ်လိုကာကွယ်မှာလဲ"

ဟုတ်ပါတယ်...ယုလန်း ၊ စူလော်နဲ့ ကွမ်းနျွယ့်တို့က သတိလစ်နေကြတာကို သူတို့သုံးယောက်ကို ကျွန်မတို့နဲ့အတူ ဘယ်လို‌ခေါ်သွားရမှာလဲ?

ကျောက်Sက ကောင်းချင်းကျုံယဲ့ဆီ လှမ်းကြည့်လိုက်တယ်။ 

"ရှင်နဲ့အတူ တစ်ယောက်ယောက်ကို ခေါ်ဆောင်ဖို့ လေစီးကြောင်းကို ဘယ်လိုသုံးရမလဲဆိုတာ ရှင်သိတယ်မဟုတ်လား? ရှင်က စူလော်ကို‌ ခေါ်ပြီး ကျွန်မက ကွမ်းနျွယ့်ကို ခေါ်လိုက်မယ်"

ကောင်းချင်းကျုံယဲ့က ကျွန်မကို ကြည့်လာတယ်။

ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။

"ရှင် စူလော်ကို ခေါ်သွားလို့ရတာပဲ!-

ကျောက်S...ယုလန်းကို အနောက်ဘက်ခရိုင်မှာရှိတဲ့ ကျဲပဆီ ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ကူညီပေးနိုင်မလား"

"မင်း ယုလန်းကိုပြန်ပို့ရင် ငါကဘာလို့ စူလော်ကို ငါနဲ့‌ခေါ် သွားဖို့လိုမှာလဲ"

ကျွန်မ သူ့ကို စိုက်ကြည့်နေမိတယ်။

"စူလော်ကို မြောက်ဘက်ခရိုင်ထိ ခေါ်သွားဖို့ ကျွန်မပြောနေတာမဟုတ်ပါဘူး...ဘာလဲ ကျွန်မတို့ သုံးယောက်က သတိလစ်နေတဲ့လူနှစ်ယောက်ကို တလျောက်လုံး ခေါ်သွားသင့်တယ်လို့ ရှင်ထင်နေတာလား? ကျွန်မ လုပ်​စေချင်​တာက ကျွန်မတို့ဖြတ်​သွား​ရမဲ့ တောင်ဘက်ခရိုင်​မှာ စူလော်ကိုထားခဲ့ပြီးရင် ယုလန်းနဲ့ စူလော်ကို မကယ်​တင်​ခင်​ ဆုန်းလုကိုရှာဖို့ မြောက်ဘက်ခရိုင်​ကိုသွားနိုင်တယ် မဟုတ်လား"

ဟော်က ရုတ်တရက်ပြောလာတယ်။

"အဲ့ အတွက်စိတ်ပူစရာမလိုပါဘူး ကွမ်းနျွယ့်ကို ကယ်တင်နိုင်တဲ့သူကို မြောက်ဘက်ခရိုင်မှာ တွေ့နိုင်ရင် တယ်လီပို့နည်းကို သိတဲ့သူကို မင်းတို့ရှာတွေ့နိုင်မှာပါ ဒီလူနှစ်ယောက်ကို ဒီမှာထားခဲ့ရင်တောင် အဲ့ဒီနေရာကို ပို့ပေးလို့ရတယ်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now