အခန်း-(၁၁၂) အရိုးထဲထိအေးစိမ့်မှု

108 24 2
                                        

Zawgyi


ကုတင်​​ပေါ်ထထိုင်​ရင်း ကျွန်မလန့်​နိုးလာတယ်​။

"သေစမ်း!"

ကျွန်မ နဖူးပေါ်က ချွေးသီးတွေထွက်လာတာ ခံစားလိုက်ရပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အိပ်မက်ကနိုးနေပြီဆိုတာ သိလိုက်ရတယ်။

နျွယ့်ကျွမ်းက အိပ်တန်းစင်နားမှာပဲ မတ်တပ်ရပ်ရင်း အိပ်ပျော်နေပုံရတယ်။သူက ခေါင်းကိုငုံ့ပြီး မျက်လုံးမှိတ်ထားပါတယ်။ကျွန်မနိုးလာတာကိုမြင်တော့မှ သူက ခေါင်းကိုမော့ပြီး ကြယ်ရောင်မျက်လုံးတွေနဲ့ ကျွန်မကိုကြည့်လာတယ်။

"ဘာဖြစ်လို့လဲ"

ကျွန်မ နဖူးပေါ်က ချွေးစေးတွေကို သတိထားမိတော့ သူကတိုးတိုးလေးမေးလာတယ်။

ဒီတော့ ကျွန်မ သက်ပြင်းချလိုက်တယ်။

"ဘာမှမဟုတ်ပါဘူး...ကျွန်မအိပ်မက်တစ်ခုမက်တယ် ဒါက ဒုတိယအကြိမ်ပဲ...အိပ်မက်မက်တိုင်း ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို မြင်နိုင်သလိုပဲ ဒါက ကျွန်မရဲ့နောက်ဆုံးအိပ်မက်လိုပဲ ဒီအိပ်မက်က အရင်အိပ်မက်တစ်ခုရဲ့ အဆက်တစ်ခုလိုပေါ့...ဒါပေမဲ့ အရေးကြီးတဲ့အချိန်မှာ ကျွန်မနိုးလာခဲ့ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ဘူး"

သူက ညင်ညင်သာသာ ပြုံးပြလာတယ်။

"ဒါက ကံကြမ္မာပဲ...အဲ့ဒါကို မင်းပြန်မှတ်မိဖို့ လိုတာကြောင့် အဲ့ဒီအမှတ်တရတွေက မင်းဆီရောက်လာမှာပါ အဲ့ဒါကိုတော့ မင်းစိတ်ရှည်ရှည်နဲ့ စောင့်ရမှာပဲ"

ကျွန်မ နှုတ်ခမ်းတွေ တုန်လှုပ်လာတယ်။

"ရှင့်မှာကော ဆန္ဒတွေ တကယ်မရှိဘူးလား ပြောရရင် အဲ့ဒါတွေအားလုံးကို ကံကြမ္မာပေါ်ပဲ လွှဲချလိုက်ဖို့လေ..."

သူက တောက်ပတဲ့ မျက်ဝန်းတွေနဲ့ ခေါင်းယမ်းပြလာတယ်။

"မလိုတော့ပါဘူး...ကံကြမ္မာပေါ် လွှဲချထားတဲ့သူတွေရဲ့ အသက်က တန်ဖိုးရှိတယ်လေ ငါ့အတွက်က ငါ အသက်ရှင်တာဖြစ်စေ သေတာဖြစ်စေ ဘာမှအရေးမကြီးဘူး..."

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now