အခန်း-(၇၀) မြို့အလွတ်

145 30 0
                                        

Zawgyi

အခန်း-(၇၀) မြို့အလွတ်

"ကျွန်မတို့တွေ အခုဘာဆက်‌လုပ်ကြမလဲ...အနောက်ဘက်ခရိုင်ရဲ့ အခြေအနေလည်း ဘာမသိရသေးတော့လေ"

ကျွန်မ နျွယ့်ကျွမ်းဘက်ကိုလှည့်ပြီးမေးလိုက်တယ်။

နျွယ့်ကျွမ်းက အရှေ့ဘက်ကိုပဲကြည့်နေပြီး သူ့အာရုံကလည်း အရှေ့ဘက်ထဲမှာပဲလွှင့်မျောနေပုံရတယ်။

"ပတ်ဝန်းကျင်က ပြောင်းလဲသွားတယ်လို့ ဘယ်သူမှမထင်မိဘူးလား"

ကျွန်မ ပတ်ပတ်လည်ကို အကဲခတ်ကြည့်တယ်...မြင်‌နေရတာက အနောက်ဘက်ခရိုင် နယ်စပ်တောနေရာပါပဲ။အထူးသဖြင့် စောစောက တိုက်ခိုက်ခဲ့ကြတဲ့‌နေရာကလည်း ဒီတိုင်းပါပဲ တစ်ခြားဘာမှ ထူးထူးခြားခြားပြောင်းလဲတာ မရှိပါဘူး။

နျွယ့်ကျွမ်းက သက်ပြင်းတစ်ချက်ချလာတယ်။

"ဒါဖြင့် ရှေ့ဆက်သွားကြရအောင်"

သူ့လေသံက အရင်က ကျွန်မတို့နေခဲ့တဲ့အနောက်ဘက်ခရိုင်နဲ့မတူတဲ့ တစ်ခြားနေရာကိုရောက်နေသလို လေသံမျိုးပါ။

ကျွန်မတောင် ရင်လေးလာမိတယ်။

ဟူး....။လေထုရဲ့ သိပ်သည်းဆတောင် ပြင်းထန်လာသလိုခံစားနေရတယ်။

ကျွန်မတို့နဲ့ဆုံခဲ့တဲ့ ဟိုအရူးနှစ်ကောင်ကလည်း ဘာမှကို အကူအညီမပေးသွားကြဘူး။

တစ်နာရီကျော်ကျော် လျှောက်လာပြီးတဲ့နောက်မှာတော့ ကျွန်မတို့အားလုံး နယ်စပ်တောကို ကျော်လာခဲ့ကြပါပြီ။

ရှေ့ဘက်က မြင်နေရတဲ့ သစ်ပင်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ အနောက်ဘက်ခရိုင်က အိမ်ရာနေထိုင်သူ‌တွေကကျွန်မကို အထင်သေးရှုံ့ချတဲ့အကြည့်နဲ့ ကြည့်လာကြမလား ဒါမှမဟုတ် စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ကြည့်လာကြမလားဆိုတာ ကျွန်မတကယ် စိုးရိမ်မိပါတယ်။အထူးသဖြင့် ကျွန်မနေခဲ့တဲ့ ရင်းနှီးတဲ့ ‌နေရာတစ်ခုဖြစ်ခဲ့တာတောင်မှ စိတ်လှုပ်ရှားနေမိတာကို ထိန်းလို့မရပါဘူး။

အဲ့လို စိတ်လှုပ်ရှားမှုတွေ ရောထွေးနေတုန်းမှာပဲ ရှေ့ကမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားတာတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now