အခန်း-(၇၅) ရက်စက်တဲ့ စမ်းသပ်မှုတစ်ခု

133 28 0
                                        

Zawgyi

အခန်း-(၇၅) ရက်က်တဲ့မ်းပ်မှုစ်ခု

"ငါ ယုံချီကို သွားရှာလိုက်မယ်"

လီဝမ်က ပြောပြောဆိုဆို သူမခြေဖျားတွေကို လေထဲ ပေါ့ပေါ့ပါးပါးခုန်ပြီး ထွက်သွားခဲ့ပါတယ်။

မလှမ်းမကမ်းမှာရပ်နေတဲ့ လီချင်းက သူမရဲ့ ဓားကို နှစ်ကြိမ် သုံးကြိမ် လေးကြိမ်တိတိ ဝှေ့ယမ်းချလိုက်ပါတယ်။

ရွှီး...! ရွှီး...! ရွှီး...!ရွှီး...!

ဓားကထွက်လာတဲ့ အလင်းတန်းရောင်ပြန်မှုကြောင့် ကျွန်မမျက်လုံးတွေတောင် ကျိန်းစပ်လာတယ်။

အရောင်အဝါတွေတောက်နေတဲ့ သူမဓားသွားအောက်မှာ မကောင်းဆိုးဝါး မိန်းကလေးရဲ့ ကိုယ်ကခုတ်ထစ်ခံရတဲ့ ငါးလိုအတုံးလိုက်ဖြစ်နေပါတယ်။မည်းနက်နေတဲ့ အသားစတွေ အပိုင်းပိုင်း ပြတ်ထွက်လာတာကြည့်ရင်း ကျွန်မ စိတ်မသက်မသာဖြစ်လာမိတယ်။

စက္ကန့်နည်းနည်းကြာ‌တော့ လီဝမ်က ယုံချီကိုခေါ်ပြီး ပြန်ရောက်လာပါတယ်။သူမပြန်ရောက်လာ‌ချင်း နောက်ထပ် မကောင်းဆိုးဝါး ရေသူမတစ်ယောက်ကို ထပ်ခေါ်လာတာလားလို့တောင် ကျွန်မထင်မိသေးတယ်။

ပြောရရင် ယုံချီရဲ့ပုံစံက သွေးတွေဖုံးလွှမ်းနေတဲ့အပြင် ကျွန်မမြားချက်ကြောင့် သူမရဲ့ဆံပင်ရှည်ကြီးက တစ်ဝက်ပဲကျန်ပါတော့တယ်။သူမရဲ့ လက်မောင်းကလည်း ပုံဆိုးပန်းဆိုး ကျိုးနေပါတယ်။

ဒီတော့ လီချင်းက ယုံချီပုံစံကြည့်ပြီး ခေါင်းတွေယမ်းလာတယ်။

"နင်တို့အားလုံးကို ငါ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပုန်းပြီး‌စောင့်ကြည့်နေဖို့ပြောခဲ့တယ်မဟုတ်လား"

အဲ့လိုသာပြောနေပေမဲ့ လီချင်း အမူအရာက ယုံချီအပေါ် စိတ်ဆိုးနေတဲ့ပုံမဟုတ်ပါဘူး။

ပြောရရင် လီချင်းကိုက သူမကိုယ်သူမ ယောကျာ်းတစ်ယောက်လိုလို သဘောထားကြီးကြီးနဲ့ ကိုယ့်ခရိုင်ကလူတွေအပေါ် ကာကွယ်ပေးတတ်တာမို့ပါ။အထူးသဖြင့် သူမကိုယ်သူမ အနောက်ဘက် ခရိုင်မှူးလိုမနေဘဲ ကျွန်မတို့ကို သူငယ်ချင်းအရင်းအချာကြီးလို ပေါင်းသင်းဆက်ဆံပေး‌တဲ့သူပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now