အခန်း-(၃) နယ်မြေဥပဒေ

773 72 2
                                        

Unicode

လွန်ခဲ့တဲ့တစ်နှစ်လောက်က ဒီကိုရောက်ခဲ့တာကို ပြန်တွေးကြည့်တဲ့ထဲမှာ ရယ်စရာအဖြစ်တွေရှိမနေတာတော့ ကျွန်မလည်း မတတ်နိုင်ပါဘူး။အဲ့တုန်းက ခေါင်းမှာ သရဖူမရှိသလိုဖြစ်နေတဲ့ အဘိုးအိုကြောင့် ကျွန်မထိတ်လန့်တကြား အော်ခဲ့ရတယ်။ရွှေရောင်ဆံပင်နဲ့လူကလည်း ဒီကမ္ဘာနဲ့ ပတ်သက်သမျှအားလုံး ကျွန်မကိုရှင်းပြခဲ့တယ်။အခုဆိုရင် ကျွန်မသေဆုံးပြီးတာ တစ်နှစ်ကြာခဲ့ပြီဖြစ်သလို ကျွန်မရဲ့ အသိစိတ်ကလည်း တားမြစ်ဇုန် ဆယ့်သုံးလို့ခေါ်တဲ့ ဒီနေရာမှာရောက်နေခဲ့ပါပြီ။

မြို့ရဲ့လမ်းတွေပေါ်မှာ ဖြတ်လျှောက်လာရင်း ကျွန်မအာရုံတွေပြန်စုစည်းလိုက်တယ်။ကျွန်မနောက်မှာ တစ်ယောက်ယောက်လိုက်လာသလိုမျိုး ရုတ်တရက်ကြီး ခံစားလိုက်ရတယ်။ဘယ်သူလိုက်လာတာလဲဆိုတာ စဉ်းစားနေစရာမလိုအောင် ကျွန်မတန်းသိလိုက်တယ်။တစ်ချိန်တည်းမှာပဲ ကျွန်မကျောပေါ်က လေးကိုဘယ်လက်နဲ့ကိုင်ပြီး စောင်းငဲ့ကြည့်လိုက်တယ်။သူနဲ့ဆုံတဲ့အချိန်မှာတော့ ကျွန်မဘက်က မြားတစ်စင်းအသင့်ချိန်ပြီးသားဖြစ်နေပါပြီ။

အနက်ရောင်ဝတ်စုံနဲ့ ဖျတ်လတ်သန်မာတဲ့သူ့ရဲ့ တုံ့ပြန်ပုံကလည်း မြန်ဆန်လွန်းပါတယ်။သူက ကျွန်မခေါင်းထက်ကို ခုန်တက်လာတာမို့ သူ့ကို လှည့်ကြည့်လိုက်တော့ သူကကျွန်မကို ရွှတ်နောက်နောက် ပြုံးပြနေတာတွေ့လိုက်ရတယ်။သူ့ခြေကျင်းဝတ်ကို ကျွန်မလက်နဲ့ ဆွဲချလိုက်တော့ ကျွန်မတို့နှစ်ယောက်စလုံး လဲကျသွားတယ်။သူက ကျွန်မ လက်ကို အမှတ်တမဲ့ကန်ထုတ်လိုက်ပြန်တာမို့ ကျွန်မလက် အရှိန်ပျက်သွားပြီး နှစ်ယောက်လုံး မြေပြင်ပေါ် ပြုတ်ကျသွားတယ်။

ကျွန်မရဲ့ သွေးနီရောင်ဂါဝန်က မြေပြင်ပေါ်မှာ ဝဲကျသွားပြီး အနီရောင် ဒေါက်ဖိနပ်တွေနဲ့ ကျွန်မဖြည်းဖြည်းချင်းထရပ်လိုက်တယ်။ကျွန်မရှေ့ရှိနေတဲ့ နောက်ယောင်ခံလိုက်လာတဲ့သူ့ကို လှမ်းကြည့်နေချိန် ရှုပ်ပွနေတဲ့ ကျွန်မရဲ့အနီရောင်ဆံပင်တွေကလည်း လေထဲမှာ လွင့်ဝဲနေတယ်။

သူကတော့ အရင်ကလိုပဲ အနက်ရောင် ၀တ်စုံကို၀တ်ထားပါတယ်။လွန်ခဲ့တဲ့ တစ်နှစ်က သူဝတ်ခဲ့တဲ့အနက်ရောင် ကော်လာဆွယ်တာအင်္ကျီနေရာမှာ အနက်ရောင် လေကာအင်္ကျီကို အစားထိုးပြောင်းဝတ်ထားရုံပါပဲ။သူ့လက်တွေကိုဂျာကင်အင်္ကျီအိတ်ကပ်ထဲ ပေါ့ပေါ့ပါးပါး ထည့်ထားပြီး နည်းနည်းရှည်တဲ့ အနက်ရောင်သူ့ဆံပင်တွေကတော့ လေထဲလွင့်နေပါတယ်။ပြီး‌တော့‌ တောက်ပနေတဲ့ သူ့ရဲ့အနက်ရောင်မျက်ဝန်းတစ်စုံနဲ့ ကျွန်မကို စိုက်ကြည့်နေရှာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt