အခန်း-(၅၅) အပြန်ခရီး

191 37 4
                                        

Zawgyi

အခန်း-(၅၅) အန်ြခရီး

ကျွန်မက စိတ်ဖောက်ပြန်နေတဲ့သူ မဟုတ်ပေမဲ့လည်း ကောင်းချီဆိုတဲ့ရှင့်ကို သတ်ခဲ့မိတဲ့သူက ကျွန်မကိုယ်တိုင်ပဲဆိုတာ ကျွန်မဘယ်တော့မှ မမေ့ခဲ့ပါဘူး။အဲ့တာတွေကို ကျွန်မမမေ့ခဲ့တာကြောင့် ကောင်းချင်းကျုံယဲ့ကို ပထမဆုံးစတွေ့တဲ့အချိန်က ကျွန်မအရမ်းကို တုန်လှုပ်ပြီးလန့်ဖျတ်ခဲ့ရတယ်။အဲ့လိုခံစားချက်အတိအကျကို ကျွန်မ မပြောပြတတ်ပေမဲ့ ပြောရရင် ရှင့်အပေါ်ခံစားနေရတဲ့ ခံစားချက်နဲ့တော့ ဆင်တူခဲ့မယ်ထင်တယ် ကောင်းချီ။

ကျောင်းသားတွေကြားထဲ ပေါ်ပြူလာဖြစ်လွန်းတဲ့အပြင် လူတိုင်းရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ရှင်ကလေ...အဲ့ဒီနေ့ ကျောင်းခေါင်မိုးထပ်မှာ ကျွန်မ Faust စာအုပ်ဖတ်နေတာကို လိုလိုလားလားနဲ့ အချိန်ပေးပြီး နားထောင်ပေးခဲ့တယ်‌မဟုတ်လား။‌ပြောရရင် ကျွန်မက တစ်ယောက်ယောက်အပေါ် အဲ့လိုအသံထွက်ဖတ်ပြတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။

"နတ်ဆိုး Mephisto ကပြောခဲ့တယ် 'ဒီကမ္ဘာက ဆင်းရဲတွင်းနက်ကြီးဖြစ်ပြီး ဘယ်တော့အခါမှ ပြောင်းလဲလာမှာ မဟုတ်ဘူး'တဲ့"

ကောင်းချီ....ရှင်သာ ဒီမှာရှိနေရင် အဲ့ဒီနေ့ကို မှတ်မိပါဦးမလား။ရှင်ခေါင်းငဲ့ပြီး ကျွန်မကိုကြည့်လာ‌တုန်းကဆို ရှင့်မျက်ဝန်းထဲမှာလေ ကောင်းကင်ပေါ်က နွေးထွေးမှုတွေအားလုံးပျော်ဝင်နေသလိုပဲသိလား။နွေးထွေးတဲ့အပြုံးနဲ့ ရှင်ကျွန်မကို ပြုံးပြပြီးမေးလာခဲ့တယ်လေ။

"အားရှန်း....ဒီကမ္ဘာကြီးက ဆင်းရဲတွင်းနက်ကြီး တစ်ခုသာဆိုရင် ဘယ်အရာက အဆင်းရဲဆုံးလို့ထင်လဲ"

အဲ့အချိန်က ကျွန်မ မျက်လွှာချဖြေမိတာက ရှင့်အပြုံးတွေကိုရှက်ကိုးရှက်ကန်းဖြစ်နေခဲ့လို့ မဟုတ်ဘဲ ရှင်နဲ့ အကြည့်ချင်းဆုံမိသွားလို့ပါ။ပြီးတော့ ကျွန်မရဲ့ ပင်ကိုယ်အကျင့်ကိုက မျက်လွှာချ ခေါင်းလေးငုံ့ပြီး တိုးတိုးလေးပြောတတ်လို့လေ။အခုချိန်လည်း အဲ့ချိန်ကဖြေခဲ့သလို ထူးမခြားနား ကျွန်မ ပြန်ဖြေမိမှာပါပဲ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora