အခန်း-(၁၀) ကောင်းချင်းကျုံယဲ့

262 46 1
                                        

Unicode

"52 MF ပဲရှိတဲ့ ခရိုင်မှူးတဲ့လား? ကိုဆံရွှေက နင့်စီမှာ တစ်ခုခုရှိနေလို့များခန့်ထားတာလား အဲ့တာက ဘာများပါလိမ့်....."

ကျောက်Sရဲ့ အသံကလေထဲလွင့်ပျံလာပြီးနောက် ချက်ချင်းပဲ သူမကကျွန်မဘေးနားရောက်လာတယ်။သူမရဲ့ ဓားကို ဘယ်လက်နဲ့ဆွဲထုတ်ပြီး ပေါ့ပေါ့ပါးပါးလှုပ်ရှားနေရင်း ဓားကို ကျွန်မစီ ပွတ်ဆွဲလာတယ်။ကျွန်မ လေးကို ဘယ်လက်နဲ့ လှမ်းကိုင်ရင်း သူမဓားကို ရှောင်ဖို့ရာအတွက် အမြန်နောက်ကိုခုန်လိုက်တယ်။

ပြီး‌တော့ မြားတစ်စင်းဆွဲထုတ်ပြီး ကျောက်Sရဲ့ ဘယ်ဘက်မျက်လုံးကိုကျွန်မ ချိန်တယ်။နည်းနည်းမှ တုံ့ဆိုင်းမနေဘဲ ပစ်ချလိုက်တယ်။ကျောက်Sက ရှောင်ဖို့မကြိုးစားတာကြောင့် မြားက သူမရဲ့ ဘယ်ဘက်မျက်လုံးထဲကို တည့်တည့်စိုက်ဝင်သွားတယ်။

ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ကျွန်မရဲ့ မြားမှာ သာမန်ထက် အဆတစ်ရာ ပိုနာကျင်နိုင်တဲ့ ဆေးတစ်မျိုးသုံးထားတာမို့ ခံရတဲ့သူက အရမ်းနာကျင်မှာပါ။အခုတော့ မြားက သူမမျက်လုံးကို ဖောက်ဝင်သွားတာတောင်မှ ကျောက်Sက နာကျင်နေတဲ့ပုံ‌မပေါ်ပါဘူး။သူမရဲ့ ဘယ်ဘက်မျက်လုံးမှာ စိုက်ဝင်နေတဲ့မြားကနေ သွေးတွေစိမ့်ထွက်နေ‌တာတောင် သူမက တုတ်တုတ်မှမလှုပ်ပါဘူး။သူမက ကျွန်မကို ပြန်တောင်ကြည့်နေပါသေးတယ်။

အဲ့နောက် သူမရဲ့ ဓားသွားက ကျွန်မဘက်ပြန်ရောက်လာတယ်။ကျွန်မလည်း ထပ်ရှောင်တယ်။ပြီးတော့ နျွယ့်ကျွမ်းကို လှမ်းကြည့်လိုက်တယ်။သူကနေရာမှာတင် မလှုပ်မယက်နဲ့ ရပ်နေတုန်းပါ။သူ့မျက်လုံးတွေကလည်း ကျွန်မကိုပဲကြည့်နေရမဲ့အစား ကျောက်Sကိုပဲ စိုက်ကြည့်နေပြန်တယ်။

ကြွက်သားနဲ့လူရယ် ပတ်တီးနဲ့လူက နျွယ့်ကျွမ်းရဲ့ ဘေးနားဝိုင်းလိုက်ကြပြီး ကျောက်Sစီက အမိန့်ပေးလာမှာကို စောင့်နေကြတယ်။

နည်းနည်းစိတ်ရှုပ်လာတဲ့ ကျောက်Sက သူမမျက်လုံးထဲက မြားကိုဆွဲထုတ်ပစ်တယ်။မြားနဲ့အတူမျက်လုံးအိမ်လိုက် ကျွတ်ထွက်လာတာ ကျွန်မမြင်လိုက်ရတယ်။အဲ့နောက်မှာတော့ သူမမျက်လုံးက ချက်ချင်းပြန်ကောင်းလာတယ်။ကျောက်Sက တစ်ချိန်လုံး တုံ့ဆိုင်းတွေဝေတဲ့အမူအရာမရှိဘဲ သူမလုပ်ချင်တာကို အေးဆေးလုပ်နိုင်မှန်း ကျွန်မသိလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now