အခန်း-(၁၅၆) အော်မီတော်ဖော်

122 17 1
                                        

Zawgyi


ကျွန်မ ကြာပွတ်ကိုပြန်ယူရင်းနဲ့ သူတို့နှစ်ယောက်ဆီ ခုန်တက်သွားတယ်။

ကျွန်မ ရွေ့လျားလိုက်တာနဲ့ မြူခိုးတွေကနေ လွတ်မြောက်ဖို့ နောက်ဆုံးထိ ရုန်းထွက်ရင်း ကြိုးစားနေတဲ့ တလိုင်ကိုမြင်လိုက်ရတယ်။တလိုင်ရဲ့ အကြည့်က ထူးခြားနေတာကိုလည်း ကျွန်မ သတိထားမိခဲ့တယ်။

ဗုန်း!

ကျွန်မတို့ ပတ်ဝန်းကျင်က ထပ်ပြီးမည်းမှောင်လာပြန်တယ်။ကျွန်မရဲ့ MF ကို အာရုံမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်မှာ ခြေနှစ်ဖက်လုံးနဲ့ တည်ငြိမ်အောင် ကြိုးစားခဲ့တယ်။

တလိုင်က ဒီလိုမှောင်မိုက်တဲ့နေရာကို အကြာကြီးမထိန်းထားနိုင်တဲ့ အကြောင်းရင်းတစ်ခုရှိရမယ်ဆိုတာကို ကျွန်မတွေးမိပါတယ်။အားနည်းချက်တချို့ရှိရမယ် ဒါမှမဟုတ် အဲ့တာရဲ့ အကျိုးသက်ရောက်မှုကို ပယ်ဖျက်နိုင်တဲ့ အရာတစ်ခုရှိသင့်တယ်။

ခုချိန်မှာ သူက ကျွန်မတို့ကို တိုက်ခိုက်ဖို့ သူ့ရဲ့ အစွမ်းအစကို မသုံးလာပါဘူး။ကြည့်ရတာ သူ ထွက်ပြေးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။

ကျွန်မ သူ့ရည်ရွယ်ချက်ကို သိလိုက်တာနဲ့ ပတ်ဝန်းကျင်က ပြန်တောက်ပလာပြန်တယ်။

"ဝေါင်း---!" 

မီးတောက်နေတဲ့ ချီးလင်က လေထဲ ပေါ်လာတယ်။မီးတောက်နေတဲ့ ချီးလင်ရဲ့မေးရိုးကနေ မီးလုံးတွေ ထွက်လာပြီး နျွယ့်ကျွမ်းတစ်ဝိုက်က အနက်ရောင် မြူတွေ ပျောက်ကွယ်သွားပါတယ်။(ချီးလင် အကောင်ပုံက အခန်း-(၁၀၄) မှာပါပြီးပါပြီ)

နျွယ့်ကျွမ်းရဲ့ မျက်ဝန်းတွေထဲ သွေးဆာနေတဲ့ ရက်စက်ကြမ်းကြုတ်မှုကလွဲရင် လူသားဆန်မှုတစ်ခုမှ မရှိပါဘူး။သူနဲ့ ကောင်းချင်းကျုံယဲ့ နှစ်ယောက်လုံးက ကျွန်မ ဦးတည်ရာကို အမြန်ပြန်ဆုတ်လိုက်ကြတယ်။

မီးတောက်လောင်နေတဲ့ ချီးလင်နဲ့အတူ ခရမ်းရောင်ကိုယ်ကျပ်ဝတ်စုံရယ် ခါးအတိသိုးမွေးကုတ်အင်္ကျီဝတ် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ရှည်လျားသွယ်လျတဲ့ သူမခြေထောက်မှာတော့ အစိမ်းရောင် ခါးမြင့်ဘောင်းဘီရှည်ကိုဝတ်ထားပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora