အခန်း-(၁၅၁) မှောင်မိုက်တဲ့နေရာ

102 16 0
                                        

Zawgyi


မြေပြင်ပေါ်ကျမဲ့အစား မထင်မှတ်ထားတဲ့ မှောင်မိုက်တဲ့ နေရာတစ်ခုကို ကျွန်မတို့ ရောက်သွားခဲ့တယ်။

ကျွန်မတို့ပတ်ဝန်းကျင်ကလည်း ပြောင်းလဲနေပါတယ်။ပြောရရင် ကျွန်မတို့အားလုံး တယ်လီပို့နဲ့ ပို့ဆောင်ခံလိုက်ရသလို ပတ်ဝန်းကျင်နေရာက လုံးဝပြောင်းသွားခဲ့တာပါ။

"ဒါက..."

ကျွန်မ မျက်လုံးတွေနဲ့ဆုံမိတဲ့ အဆုံးမဲ့ အမှောင်ထုဝန်းကျင်ကိုကြည့်ရင်း ကျွန်မ မျက်မှောင်ကြုတ်မိတယ်။

ဒီအမှောင်ထုက ဘာကြောင့် ဒီလောက် ရင်းနှီးနေရတာပါလိမ့်?

"ကောင်းချင်းကျုံယဲ့?"

"ကျောက်S?"

ကျွန်မ တိုးတိုးလေး အော်လိုက်တယ်။

ဒီအမှောင်ထဲမှာ ကျွန်မရှေ့ကလက်ချောင်းတွေကိုတောင် မမြင်ရပါဘူး။

"ငါဒီမှာ!"

"ငါဒီမှာပဲ!"

သူတို့အဖြေကိုကြားပြီးတဲ့နောက် ကျွန်မတို့ဘယ်မှာရှိတယ်ဆိုတာ သေချာသွားတယ်။

"အားရှန်း...နင်ဘယ်မှာလဲ နင့်ရဲ့အသံကနေ နင့်ရဲ့အနေအထားကို ငါဘာလို့မမြင်နိုင်ရတာလဲ"

အမှောင်ထဲမှာ ကျောက်S မေးတာကို ကျွန်မ ကြားလိုက်ရတယ်။

"ဒီနေရာက ထိတွေ့မှုကလွဲပြီး အာရုံအားလုံးကို ပုံပျက်စေတဲ့ နေရာတစ်ခုပဲ...ဆိုလိုတာက အခုချိန်မှာ နင့်ရဲ့အကြားအာရုံ၊ အရသာအာရုံတွေလို အရာတွေအားလုံးက အသုံးမဝင်တော့ဘဲ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့ ထိတွေ့မှုကိုပဲ အားကိုးလို့ရတဲ့နေရာပဲ"

သူတို့ရဲ့ အဖြေကို စောင့်မနေဘဲ ကျွန်မထပ်အော်လိုက်တယ်။

"တလိုင်...ရှင့် မိတ်ဆွေဟောင်းနဲ့တွေ့တဲ့အခါ ဒီလိုအကြမ်းဖက်တာကို လုပ်မြှဖစ်မှာလား"

ချောက်ချားစရာကောင်းတဲ့ တစ္ဆတေိတ်ဆိတ်မှုတစ်ခုပဲရှိနေပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now