အခန်း-(၁၃၁) ကျွန်မစိတ်ဆိုးနေတာမြင်ရင် ရှင်ဘယ်လိုသည်းခံနိုင်မှာလဲ?

124 22 0
                                        

Zawgyi

အခန်း-(၁၃၁) ကျွန်စိတ်ဆိုးတောင်ြင် ရှင်ယ်လိုည်းခံနိုင်မှာလဲ?

ကျောက်Sနဲ့ ကျွန်မတို့နှစ်ယောက်လုံး ဝမ်းနည်းခြင်းပင်လယ်ထဲ နစ်မြှုပ်သွားခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် မှီခိုပြီး တစ်ယောက်ကိုတစ်ယောက် အဖိုးတန်နွေးထွေးမှုကို ပေးစွမ်းခဲ့ကြတယ်။

ကျွန်မ အငိုရပ်လိုက်တော့မှဘဲ အမြင်တွေက ပြန်ကြည်လင်လာတယ်။

အဲ့ချိန် သူမ ပုံရိပ်က ကျွန်မရှေ့မှာ ဖြည်းဖြည်းချင်း ပေါ်လာတာကို မြင်လိုက်ရတယ်။

ကျွန်မရဲ့ ခွဲထုတ်သင်္ကေတကို အသက်သွင်းပြီးတဲ့နောက်မှာ သူမက ဘယ်ချိန်ဘယ်လိုပေါ်လာမယ်ဆိုတာကို ကျွန်မ မပြောနိုင်ပါဘူး။သူမကအကြောင်းပြချက်မရှိဘဲ ပုံမှန်မဟုတ်တဲ့ ကြားကာလတွေမှာ ပေါ်လာတတ်ပါတယ်။

သူမက အနီရောင်ဝတ်ထားတဲ့ သရဲတစ္ဆမေိန်းကလေးလိုပဲ လေထုထဲမှာ လွင့်မျောနေပါတယ်။ပြောရရင် သူမမျက်နှာပေါ်က နူးညံ့တဲ့အပြုံးတွေနဲ့ ကျွန်မဆီကို လွင့်မျောလာနေတာပါ။

ကျွန်မ ပခုံးတွေ တင်းမာလာတယ်။ကျွန်မ မလှုပ်ရှားချင်‌သေးပေမဲ့ သူမကို အနားမှာ မြင်လိုက်ရတော့ အသက်ရှုကျပ်လာတယ်။

"ဘာ...ဘာဖြစ်လို့လဲဟင်"

ကျွန်မ ပခုံးကိုမှီထားတဲ့ ကျောက်S က တည့်တည့်မတ်မတ်ပြန်ထိုင်ရင်း ကျွန်မကို ဂရုတစိုက်မေးလာတယ်။‌ကျောက်Sက သတိကြီးတဲ့သူမို့ ကျွန်မ တစ်ခုခု မူမမှန်နေတာကို ခံစားနိုင်တာပါ။

ကျွန်မ အကြည့်တွေကတော့ ကျွန်မရှေ့က သူမ‌စီမှာပဲရှိနေပါတယ်။ပြောရရင်‌ ကျောက်Sက ကျွန်မပခုံးပေါ်ကနေခွာသွားပြီးထဲကနေ ထိုင်နေတဲ့ကျွန်မကိုယ်က လက်နဲ့ခြေထောက်တွေကိုပြန်ရုပ်လိုက်ပြီး နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်တယ်။

"အဝေးကိုထွက်သွားစမ်းပါ" 

ကျွန်မ သူမကို အေးစက်စက် စိုက်ကြည့်ရင်းပြောလိုက်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now