အခန်း-(၁၄၇) ရုပ်ပျက်ဆင်းပျက်

99 17 0
                                        

Zawgyi


ဒီလိုရဲရင့်ပြီး ပြုံးပြနေတဲ့ သူမမျက်နှာကို ကြည့်ရင်း ကျွန်မလက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်တယ်။ပြီးတာနဲ့ပြတင်းပေါက်နားလှမ်းလာပြီး သူမအပေါ်ခုန်အုပ်လိုက်တယ်။

ကောင်းချင်းကျုံယဲ့နဲ့ ကျောက်Sတို့က ကျွန်မလုပ်ရပ်အတွက် သိသိသာသာ အံ့သြသွားကြပါတယ်။

သူမက ခဏလေးတွင်းပဲ ပျောက်သွားပြန်တယ်။ချက်ချင်းဆိုသလိုပဲ ကျွန်မနှလုံးသားက လေးလံလာပြီး ခြေဖဝါးအောက်ခြေမှာ MF ကို ပေါင်းထည့်လိုက်တယ်။

ကျွန်မ ပြတင်းပေါက်ပေါ်တက်ခဲ့တယ်။ကျွန်မရဲ့ အနီရောင်ဆံပင်တွေက လေထဲမှာ လွင့်နေပြီး အနီရောင်ဝတ်စုံကလည်း အဆောက်အဦးထဲကနေ ခုန်ဆင်းလိုက်တာနဲ့ လမ်းကြောင်းတိုင်းကို လွင့်ပျံနေပါတယ်။

အချိန်က ညဖြစ်နေတုန်းပါ။

အမှောင်ထဲမှာ တတ်နိုင်သမျှ ကျွန်မမြန်မြန်ပြေးလာခဲ့တယ်။ကျွန်မ အာရုံကကျွန်မကို ခေါ်ဆောင်သွားတော့ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။

ပြေးရင်းနဲ့ 10 စတုရန်းမီတာ ကျယ်တဲ့ မြင်နိုင်စွမ်းရှိတဲ့ မြင်ကွင်းတွေကို ကျွန်မ လှမ်းမြင်နေရတယ်။ဘယ်နေရာကို သွားမယ်ဆိုတာ လုံးဝသေချာနေသလိုမျိုး ပစ်မှတ်ကလုံးဝကိုသေချာနေပါတယ်။

ကျွန်မ ခံစားခဲ့ရတယ်!

အကြောင်းပြချက်မရှိဘဲ သူမ ပေါ်လာမှာ မဟုတ်ဘူး။ကျွန်မ ခံစားနိုင်တယ်!

ပြေးရင်းနဲ့ ကျွန်မနားထဲမှာ လေတွေ အူပြီး ဆံချည်မျှင်လေးတွေက ကျွန်မ နှုတ်ခမ်းပေါ် ကပ်ငြိလာတယ်။ကျွန်မဘာမှ ဂရုမစိုက်ဘဲ ရှေ့ကို ဆက်ပြေးလာတယ်။

ဘယ်နေရာပဲရောက်ရောက် ညဘက်ဖြစ်နေလို့ အမြဲမှောင်မိုက်နေတာက အဆုံးမရှိပါပဲ။

ကျွန်မ ခံစားချက်တွေ ပျောက်ကွယ်သွားတော့ လေထဲမှာ အော်‌ခေါ်မိတယ်။

"နျွယ့်ကျွမ်း---!"

ဘာတုန့်ပြန်မှုမှ မရှိခဲ့ပါဘူး။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now