အခန်း-(၁၂၅) ရှန်းချီ...သူမကို သတ်လိုက်ပါ!

110 23 0
                                        

Zawgyi


ကောင်းချင်းကျုံယဲ့ ဒီလောက်ထိ ကြောက်စရာကောင်းလောက်အောင် အမှောင်ဖုံးပြီး ထိတ်လန့်နေတာကို ကျွန်မတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။

"ကျွန်မတို့ သူ့ကို ဘာမှမလုပ်ခဲ့သလို သူဘာဖြစ်သွားတယ်ဆိုတာလဲ ကျွန်မ မသိဘူး..."

ကောင်းချင်းကျုံယဲ့ရဲ့ အမူအရာကိုကြည့်ပြီး ကျွန်မ တအံ့တဩ ရေရွတ်လိုက်တယ်။

ကောင်းချင်းကျုံယဲ့ရဲ့မျက်ဝန်းတွေက မုန်တိုင်းတစ်ခုလို အရှိန်ပြင်းလာပြီး သိပ်မကြာခင်မှာပဲ သူ့နောက်ကနေ အရိပ်တစ်ခု ပြေးထွက်လာတယ်။

"အား---!!!!"

သွေးထွက်သံယိုနဲ့ မှောက်လျက်သားလှဲကျနေတဲ့ စူလော်ကို မြင်လိုက်ရတဲ့ ရုံကျင့်က ဝမ်းနည်းသွားတဲ့ အော်သံနဲ့ အသားကုန် အော်လိုက်ပြီး သူ့အမှောင်ရိပ်က တဖြည်းဖြည်းချင်းကြီးမားတဲ့ အရိပ်တစ်ခုအဖြစ် ပြောင်းသွားခဲ့ပါတယ်။

"လီရှန်း...မီဖူကို အခုလက်လွှဲလိုက်ပါ စူလော်ကိုကယ်ဖို့ရာ သူ့ကိုယ်ပေါ် ခွဲထုတ်သင်္ကေတတစ်ခု ရေးထွင်းဖို့လိုတယ်!"

ကောင်းချင်းကျုံယဲ့က ဒေါသတကြီးအော်လာတယ်။

ကျွန်မ ထိတ်လန့်သွားတယ်။ကျွန်မစူလော်ကို မသေစေချင်ပါဘူး။ဒါပေမဲ့ မီဖူကိုလည်း ကျွန်မ သူ့လက်ထဲ ဘယ်လိုမှ မပေးနိုင်ဘူး။

နျွယ့်ကျွမ်းကဝင်ပြောလာတယ်။

"မရဘူး...ငါတို့မီဖူကို မလွှဲပေးနိုင်ဘူး"

ကောင်းချင်းကျုံယဲ့က ပြုံးလိုက်တယ်။

"မင်းမှာ ရွေးချယ်စရာရှိတယ်လို့ မင်းထင်လား"

လေပြင်းတွေ တိုက်ခတ်လာတယ်။

ကောင်းချင်းကျုံယဲ့က ခပ်လှမ်းလှမ်းက သစ်ပင်နားပြေးသွားခဲ့ပြီး စူလော်ကို သစ်ပင်တစ်ပင်နား မှီထားလိုက်တယ်။သူကျွန်မတို့ဘက်ပြန်လှည့်လာတော့ သူ့လက်ထဲမှာ ရှန်းချီက ရှိနေပါပြီ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt