အခန်း-(၁၈) ရုတ်တရက် လုပ်ကြံသတ်ဖြတ်မှု

188 38 0
                                        

Unicode

အော်သံကြောင့် ကျွန်မမျက်လုံးပွင့်လာပြီး ထထိုင်လိုက်တယ်။ကျဲပက တံခါးဖွင့်လိုက်သလို နျွယ့်ကျွမ်းကလည်း ကုတင်ပေါ်ကဆင်းသွားပါတယ်။ကျွန်မလည်းဆင်းလာလိုက်တော့ တုန်လှုပ်နေတဲ့ ဆုန်းလုကို မြင်လိုက်ရတယ်။

"ယုလန်း အဆိပ်သင့်နေတယ် မြန်မြန်လာကြ"

ကျွန်မတို့တွေ သူတို့အခန်းနား ပြေးလာကြတယ်။တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ယုလန်းတစ်ယောက် အခန်းအလယ်ကြမ်းပြင်မှာ လဲကျနေတာပါ။အနက်ရောင်အခိုးအငွေ့တွေက သူ့တစ်ကိုယ်လုံးကနေထွက်လာနေတာမို့ တကယ်အ‌ဆိပ်ခတ်ခံလိုက်ရတဲ့ပုံပါပဲ။

ကျဲပက ယုလန်းနား မြန်မြန်ထိုင်ချပြီး သူ့လက်ကိုင်ပုဝါကိုထုတ်လာတယ်။ပြီးတော့ သတိလစ်နေတဲ့ ယုလန်းရဲ့ လျှာနဲ့ မျက်လုံးတွေကို စစ်ဆေးတော့တယ်။

"ဟုတ်ပါတယ် အဆိပ်ခတ်ခံရတာဗျ အာရုံကြောစနစ်ကို ပျက်စီးစေတဲ့အဆိပ်တစ်မျိုးပါ"

ကျဲပက သတိထားစစ်ဆေးရင်းပြောလာတယ်။

ဆုန်းလုရဲ့ မျက်ဝန်းတွေက စိုးရိမ်ပူပန်မှုတွေနဲ့ပဲ ပြည့်နေပါတယ်။

"အစောပိုင်းက အစ်မပင်ပန်းနေတာနဲ့ အရင်အိပ်ပျော်သွားခဲ့တာ အသံတစ်ခုကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ ယုလန်းက ခုလိုတွေဖြစ်နေတာပါပဲ"

ကျွန်မ အံ့ဩမိတယ်။ဆုန်းလုက အအိပ်ဆတ်တဲ့ သူဖြစ်တာမို့ တစ်ယောက်ယောက်က အခန်းထဲဝင်လာပြီး ယုလန်းကို အဆိပ်ခတ်တာကို သူမက တကယ် သတိမထားမိဘူးတဲ့လား?

"တစ်ခုခုထူးခြားတာ မြင်မိသေးလားဗျ"

ကျဲပက ဆုန်းလုကိုမေးလိုက်တယ်။

"ပြတင်းပေါက်ကနေ အရိပ်မဲတစ်ခုတော့ ဖျတ်ခနဲမြင်မိတယ်ထင်တာပဲ"

"ဒီအဆိပ်ကို ပြယ်အောင်လုပ်ဖို့က နယ်စပ်တောထဲက အရွက်တစ်မျိုးလိုတယ်‌ဗျ ကံကောင်းတယ်ပြောရမှာက နယ်စပ်တောက ကျောင်းနဲ့သိပ်မဝေးဘူးဆိုတော့ တောင်-အရှေ့ နယ်စပ်တောထိဆိုရင် အသွားအပြန်နဲ့တင် ဆယ်နာရီကြာဦးမှာပဲ ပြီးတော့ အဆိပ်က ဆယ့်သုံးနာရီအတွင်းပြယ်အောင်မလုပ်နိုင်ရင် ယုလန်းရဲ့ စိတ်စွမ်းအားက သုံးမရတော့အောင် ဆိုးရွားတာဖြစ်သွားပါလိမ့်မယ်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now